Part...19

9.7K 1.3K 100
                                    

နေ့လည်ရောက်သည်နှင့်ထယ်ယောင်းမှာ ဂျောင်ကုစားဖို့
အစားအစာတစ်ချို့ကိုခဲရာခဲဆစ်ရှာဖွေလာခဲ့သည်။ပလစ်
စတတ်အဖြူရောင်နှင့်အကျအနပိတ်ထားသောပါမုန့်ဖြူများ
ကပင်လယ်တွင်အလွယ်တကူရနိုင်​သောအရာများမဟုတ်။
ထိုပါမုန့်တွေအားဂျောင်ကုစားဖို့ထယ်ယောင်းထိုးပေးလိုက်
သည်။ထယ်ယောင်းကဘာဆိုတာမသိချိန်ဒီပေါင်မုန့်တွေကို
ဂျောင်ကုပျော်ပျော်ကြီးစားနေနိုင်ပါလိမ့်မည်။ထယ်ယောင်းကအားနည်းတဲ့ရေသူလေးတစ်ကောင်မှန်းသိလိုက်ချိန်မှာတော့အရူးသာ ဒီပေါင်မုန်ကိုစားပါတော့မည်။

ဂျောင်ကုမျက်ဝန်းတွေက အရောင်အမျိုးမျိုးပြောင်းလဲနေ
ပြီးထယ်ယောင်းအာဂရုဏာသက်စွာကြည့်လာသည်။

"ဒါတွေဘယ်ကရလာတာလည်း..."

"သင်္ဘောပေါ်က"

ပင်လယ်ထဲခရီးလွှင့်နေတဲ့သင်္ဘောကြီးတွေကဆယ်ပေ
ဆယ့်ငါးပေအထက်မြင့်ကြသည်။ထို့သို့ကြီးမားသောသင်္ဘော
ကြီးတွေပေါ်ဘာအကူမှမပါဘဲတွယ်တက်ရသည်ကလွယ်
တဲ့အလုပ်တော့မဟုတ်။ဂျောင်ကု တွေးမိလေ လေကောင်
လေးအပေါ်ပိုပြီးအားနာလာရသည်။ဒီ​ကောင်လေးကသူစားဖို့
အတွက်ကိုယ့်အန္တာရယ်ကိုတောင်ဂရုမစိုက်လူတွေရဲ့သင်္ဘော
တွေပေါ်အထိတက်ခိုးရဲသည်။

ဂျောင်ကု ပေါင်မုန့်ကလေးအားဆက်မစားဖြစ်။ဒ်ီငါးလက်
မအရွယ်ပါမုန့်လေးက ဂျောင်ကု အတွက်တန်ဖိုးရှိလွန်းလှ
သည်။

"ကိုယ်စားဖို့အတွက်နဲ့မင်းနောက်ဆိုဒီလိုမျိုးတွေထပ်မလုပ်
ပါနဲ့။မင်းအတွက်အန္တာရယ်ရှိတယ်။ကိုယ်ကပင်လယ်ထဲက
ငါးတွေလိပ်တွေဖမ်းစားလဲ ဖြစ်တဲ့ဥစ္စာ.."

ဂျောင်ကုမပြောမဆိုရေသူလေး၏လက်တွေကိုဖမ်းဆွဲလိုက်သည်။ရုတ်တရပ်ထိတ်လန့်သွားတဲ့ရေသူလေးမှာခေါင်းငုံ
နေရာမှမော့လာပြီးဂျောင်ကုကိုကြည့်လိုက်ချိန်မျက်ဝန်းထဲ
ကမျက်ရည်ပူတွေလိမ့်ဆင်းလာသည်။

"နာလို့လား...မင်းဘယ်နေရာထိခိုက်မိထားလဲ၊ကိုယ့်ကို
ပြ..."

"ဘာမှမဟုတ်ဘူး...မျက်လုံးနေစူးလို့"

အညိုရောင်မျက်ဝန်းအိမ်လေးထဲမျက်ကြောများမှာနီရဲနေ
သည်မှာအထင်းသား။ဂျောင်ကု မနေနိုင်တော့။ဒီကောင်လေး
ကိုခေါင်းအစခြေအဆုံးဂရုစိုက်ပေးချင်တာသူ့ဆန္ဒမို့ဝတ်ထား
တဲ့စပို့ရှပ်အားခေါင်းကနေဆွဲချွတ်လိုက်သည်။ထို့နောက်အာ
ငွေ့ပေးရင်းကောင်လေးမျက်လုံးလေးအားခပ်ဖွဖွအုံပေး
လိုက်သည်။

Thousand For Love(Completed)Where stories live. Discover now