Part...20

10.2K 1.3K 70
                                    

ရေသူတွေရဲ့တိုက်ခိုက်လိုမူ့ရန်လိုစိတ်ကြောင့်ပတ်ဝန်းကျင်
ရေထုသည်ခက်ထန်လာရသည်။ဆယ်ယောက်သာသာရှိ
တဲ့ရေသူတွေသည်မတူညီသောခံယူချက်များဖြင့်တစ်ယောက်
နဲ့တစ်ယောက်ရန်လိုစွာစိုက်ကြည့်လာသည်။တစ်ဖက်မှာတော့
နီရာနှင့်ဟန်တာတို့တိုက်ခိုက်မူ့မှာပိုလိုပင် ရက်စက်လာပြီး
ရေသူထီးဟန်တာရဲ့ငါးဆူးတောင်တွေသည်သံလိုချွန်ထက်
နေကာနီရာ့အားဒဏ်ရာ ရစေသည်။နီရာ့ကလည်းမခံ...သူမ
၏ကွေးကောက်နေသောလက်သည်းချွန်များအပြင်သွားစွယ်
တွေနဲ့ပါပြန်တိုက်ခိုက်သည်မို့ရေအောက်ကြမ်းပြင်ထက်ရေ
သူတို့၏ရန်ပွဲမှာထိတ်လန့်ဖွယ်ရာကောင်းလှသည်။

ထယ်ယောင်းမှာ ထိုမြင်ကွင်းကြီးကြောင့်စိတ်သက်ရာရမနေ။
သူက အစကတည်းကသင်းကွဲရေသူတစ်ကောင်ပါ။သူ
လူတွေနဲ့ပေါင်းသင်းဆက်နွယ်မိလို့ရေသူတွေဒုက္ခရောက်
နိုင်တာကိုလည်းသိပါသည်။သူလည်း အစကလူသားတွေနဲ့
ပတ်သတ်ဖို့အစီအစဉ်မရှိ။အဖြူရောင်သင်္ဘောကြီးရဲ့
အပေါ်ထပ်တွင်မတ်တပ်ရပ်နေသောဂျောင်ကုကိုမမြင်တွေ့
စဉ်တုန်းက လူသားတွေနဲ့ရောယှက်ဖို့အစီအစဉ်မရှိသော်
လည်းထိုသင်္ဘောကြီးပေါ်ဂျောင်ကု ပါလာမှန်းသိသောအခါ
နှစ်ပေါင်းများစွာအချစ်တွေနဲ့လွမ်းလာခဲ့ရတဲ့မျက်နှာလေးမို့
အရဲစွန့်ကာသင်္ဘောကြီးနားထိခိုးကြည့်မိသည်။
ဒီအတိုင်းလေးဘာရည်ရွယ်ချက်မှမရှိဘဲတိတ်တိတ်လေး
ငေးကြည့်နေရုံလေးသာကျေနပ်မိခဲ့သည်။

သို့သော်..ကံကြမ္မာကရေစက်ဆိုးအားဖန်တီးပေးလိုက်ချိန်
ဂျောင်ကုပင်လယ်မှာမုန်တိုင်းကြောင့်လှေငယ်တိမ်းမှောက်ခဲ့သည်မို့ထယ်ယောင်းထပ်ပြီးပုန်းခိုးနေရန်မသင့်တော့သည်
ကား​ဂျောင်ကုအားကယ်ဆယ်ခဲ့သည်။လူသားတွေကို အန္တာရယ်များသည်ဟုသတ်မှတ်ထားသောရေသူတွေမှာ ထိုအချင်းအရာကိုမကျေနပ်ကျ။အချင်းချင်းစိတ်ဝမ်းကွဲကာသွေးထွက်သံယိုဖြစ်သည်အထိသတ်ပုတ်ကြသည်။ဒေါသကြောင့် ငါးအမြှီးကြီးတွေကလည်း
ရေထုထည်အားတစ်ဗွမ်းဗွမ်းရိုက်ကာ မြည်ဟီးနေတော့သည်။
ထယ်ယောင်းမှာသူ့အတွက်နဲ့ဒီလိုတွေသွေးကွဲကုန်တာ
ကြောင့်အပြစ်ရှိသလိုခံစားလာရသည်။နောက်ပြီး..
ရေအောက်ကအသားစားသတ္တဝါတွေက သွေးနံခံကာ
အမဲလိုက်သည်မို့ ဒီထက်ပိုအခြေအနေဆိုးမသွားခင်နီရာ
နဲ့ဟန်တာကြားဝင်ရပ်လိုက်သည်။

Thousand For Love(Completed)Where stories live. Discover now