Part..9

8.4K 1.1K 139
                                    

သဘာဝကတည်ဆောက်ပေးသောကျောက်ဂူကြီး၏တစ်ခု
တည်းသောကျောက်ဆောင်ထက်တွင်ထယ်ယောင်းခွေကာ
နားနားနေနေ အနားယူနေမိသည်။မ​နေ့ကတစ်နေ့လုံး
ဂျွန်နဲ့အတူရှိနေခဲ့ပြီးဂျွန်ကယောင်းအပေါ်အများကြီးချစ်ပြ
ဂရုစိုက်ပြခဲ့သည်။ဒါတွေကထယ်ယောင်းအတွက်တော့တစ်
သက်မမေ့နိုင်စရာ။သူအသက်ရှင်ဖို့အကြောင်းပြချက်များ
များစားစားမလိုပါဘူး...ဂျွန်ဂျောင်ကုဆိုတဲ့လူသူ့အနားရှိရင်
တော်ပြီ။ထယ်ယောင်း၏ပန်းရောင်မျက်ခွံလေးများသည်မှိတ်
ဆင်းနေပြီးရွှေရောင်ငါးမြှီးကြီးသည်ရေထဲတစ်ဗွမ်းဗွမ်းခတ်
လျှက်။နူတ်ခမ်းနုနုထက်ခပ်ရေးရေးအပြုံးလေးတည်ရှိနေ
ပြီးသူသည်ခံစားချက်ကောင်းမွန်ကာသူကမ္ဘာသူ့စိတ်ကူးလေး
တွင်တစ်ယောက်တည်းပျော်မွေ့နေဟန်။ကျောက်စက်ရေ
တွေတစ်ပေါက်ပေါက်က ဂီတသံစဉ်သဖွယ်ကျရောက်နေပြီး
တစ်ခါတစ်ရံပင်လယ်ကြီးဆီကလိုင်းပုတ်သံတဝုန်းဝုန်းကိုလည်းကြားနေရသေးသည်။ဂျွန်ပြောတဲ့လူတွေရဲ့ဓလေ့ထုံး
တမ်းကအရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။မီးတွေနဲ့ပြင်ဆင်
ချက်ပြုတ်တတ်ဖို့ကိုလည်းထယ်ယောင်းကြိုးစားရဦးမည်။
အနာဂတ်မှာဂျွန်ကြိုက်တဲ့ဟင်းတွေအများကြီးချက်ပြုတ်
ကျွေးပြီးသာယာပျော်ရွှင်တဲ့မိသားစုလေးကိုတော့တောင်း
ျတမိသည်။

ညနေချိန်ရောက်သည်နှင့်ထယ်ယောင်းအိပ်နေရာမှထကာ
ရေမျက်နှာပြင်ထက်သို့တက်လာခဲ့သည်။လှပသောရွှေဝါ
ရောင်ငါးအမြှီးကြီးမှာကြည်လဲ့နေသောရေပြာတွင်တလူပ်
လုပ်။အပြာရောင်လိုင်းတွန့်ဆံပင်ကောက်ကြီးတွေအား
ဖဲ ကြိုးအနီလေးဖြင့်ထုံးချည်ရန်မတတ်သည်မို့ဒီအတိုင်းလက်
ကောက်ဝတ်တွင်ကြိုးတစ်ခုလိုပတ်ကာစီးနှောင်ထားသည်။
လည်တိုင်ကျော့ကျော့ထက်ပုလဲဆွဲ ကြိုးလေးမှာရေသူလေး
ထယ်ယောင်းအားအလှပေါ်အယဉ်ဆင့်စေသည်။ထယ်
ယောင်းအားယူကာပင်ရေထုထည်အားခွဲကာရေမျက်ပြင်ထက်
ခေါင်းဖော်လိုက်သည်။သူရေပေါ်တက်လိုက်သည်နှင့်နား
ထဲတိုးဝင်လာသေားချိုးချိုးချွတ်ချွတ်အသံများကြောင့်ထူး
ဆန်းကာပတ်ဝန်းကျင်အားစူးစမ်းလိုက်သေးသည်။

Thousand For Love(Completed)Where stories live. Discover now