Part..10

9.1K 1.2K 139
                                    

ဂျိုဆွန်းနန်းတော်ကြီးတွင်ထူးဆန်းအံဖွယ်ရာသတင်းတစ်ခု
ပေါ်ထွက်လာသည်။လွန်ခဲ့သောဆယ်စုနှစ်ကာလကရေသူ
မတစ်ကောင်ထွက်ပေါ်ခဲ့သလိုအခုလည်းရွှေရောင်ငါးအမြှီး
နဲ့ရေသူတစ်ကောင်ဖမ်းစီးရရှိခဲ့သည်။ထိုရေသူမှာချန်ယောင်း
မင်းသားအမိန့်ဖြင့်ဖန်ငါးကန်ကြီးတွင်ထည့်သွင်းဖမ်းချုပ်ထားသည်။
ရေသူမှာစစတွေ့ခြင်းအတော်အခြေအနေဆိုးနေပြီးကျောပြင်
တွင်လည်းဒဏ်ရာကြီးတစ်ခုရထားသေးသည်။ထိုဒဏ်ရာ
ကြောင့်သွေးထွက်လွန်ကာသေလုမျောပါးအခြေအနေမရောက်ခင် နန်းတွင်းသမားတော်တွေ လက်စွမ်းကြောင့်အချိန်
မှီကယ်တင်နိုင်ခဲ့ခြင်းသာ။

ထယ်ယောင်းမျက်လုံးဖွင့်ဖွင့်ချင်းနိုးလာကတည်းကထိုဖန်
ငါးကန်ကြီးထဲရောက်နေခြင်းဖြစ်သည်။ဖန်ငါးကန်သည်
လေထောင့်ပုံသဏ္ဍန်ဖြစ်ပြီးထယ်ယောင်းဟိုဘက်ဒီဘက်
လှည့်သာရုံကျယ်ဝန်းပါသည်။ရေဖြည့်ထားပေမဲ့ငါးကန်၏
နူတ်ခမ်းထိရေမရောက်သောကြောင့်ထယ်ယောင်းလွတ်မြော
က်ဖို့တော့မဖြစ်ရာ။သူကအလှကြည့် ငါးလှောင်အိမ်ထဲက
ရွှေဝါရောင်ငါးလေးနှင့်ပင်မခြားလှတော့။ထယ်ယောင်းမှာ
ငါးကန်အိမ်လေးတွင်ငူငူငိုင်ငိုင်သာ။သူ့မှာနောက်ကြောင်း
ရတက်မအေးစရာကိစ္စတွေအများကြီးရှိသည်။ဒဏ်ရာရ
ထားတဲ့ဂျွန်ရောအခုသူအဆင်ပြေပါ့မလား။နောက်ပြီး...
ဟိုလူတွေကရောသူတန်ဖိုးကြီးပုလဲတွေပေးသည့်တိုင်ဒီ
လူတွေကအခုလိုဘာလို့ဖမ်းချုပ်ထားတာလဲ။

စွန့်စားမိတာမှားပြီထင်ပါရဲ့။
အဲ့လိုမစွန့်စားရင်ထယ်ယောင်း..ဂျွန်အတွက်ဘာမှမလုပ်ပေး
နိုင်ဘူးဆိုပြီးဝမ်းနည်းပြီးနောင်တရနေဦးမှာ။ဂျွန်ကချစ်သူဆိုသည့်စကားထက်ပိုလေးနက်မူ့ရှိသည်။

သူ့ဘဝသူ့မှီတည်ရာ..
ထယ်ယောင်း၏ ချစ်ခင်ပွန်းဆိုလည်းမမှား။

ထယ်ယောင်းငါးကန်လေးတွင်အမြှီးကြီးဖျပ်ဖျပ်လူးကာဟို
ပြေးဒီပြေးနဲ့ထွက်ပေါက်ရှာချိန်အခန်းတံခါးကြီးမှာအလိုလို
ပွင့်သွားရပြီးအဝတ်အစားတောက်တောက်ပြောင်ပြောင်နဲ့
ခန့်ညားကြည့်ကောင်းတဲ့လူတစ်ယောက်အခန်းထဲဝင်လာ
သည်။အဲ့လူနောက်မှာလည်း ဗလတောင့်တောင့်နဲ့လူသုံးလေး
ယောက်ကပ်ပါလာသည်။

Thousand For Love(Completed)Where stories live. Discover now