Part..14

11K 1.3K 171
                                    

ထိုနေ့ကဂျိုဆွန်းနိုင်ငံတစ်ခုလုံးရုတ်တရပ်ကြီးမိုးသည်းထန်
စွာရွာခဲ့သည်။အရပ်လေးမျက်နှာတစ်ခွင်မိုးတိမ်မဲကြီးတွေ
အုံဆိုင်းလာပြီးရွာချလိုက်တဲ့မိုးဟာ မြို့လမ်းမကြီးတွေထက်
တူးမြောင်းတွေရေပြည့်ကာလျှံကျမလောက်။နန်းတော်ကြီး
ထဲရုတ်ရုတ်သဲသဲ ဖြစ်သွားရပြီးချန်ယောင်းမင်းသားမှာမှန်း
ချက်နဲ့နှမ်းထွက်မကိုက်သည်မို့နောက်ထပ်မြေခွေးလိုအကြံ
ဥာဏ်တစ်ခုထပ်စဉ်းစားနေပြီးဟေဆောင်းမင်းသမီးကတော့
ရေသူ၏သွေးတွေရွှဲနစ်နေတဲ့ရုပ်အလောင်းကိုပွေ့ကာနန်း
တော်ရင်ပြင်ထဲတစ်ရွေ့ရွေ့ထွက်ခွာသွားသောချစ်ရသူ၏ပုံ
ရိပ်ကိုမျက်ရည်တွေကြားကမလွှတ်တမ်းငေးကြည့်နေမိသည်။

ဇီးသီးလေးတွေကဇီးပန်းပင်ကြီးကပဲသီးသလိုဂျောင်ကု ၏
နှလုံးသားသည်လည်းအချိန်တန်သူမဆီသာပြန်ရောက်ဖို့
မျှော်လင့်ပါသည်။ငယ်စဉ်ကတည်းချည်နှောင်ထားတဲ့သံ
ယောဇဉ်က ဒုနဲ့ဒေးမို့ရုတ်ချည်းပြတ်ရခက်သည်။သူမသည်
နန်းဆောင်ထက်တိုင်လုံးတွေကိုမှီကာအသဲကွဲသူပမာရုတ်ချည်းငိုချလိုက်မိသည်။

ဟာလာဟင်းလင်းရင်ခွင်ကျယ်ကြီးနဲ့ဗလာသက်သက်အရာ
ရာပြီးဆုံးသွားပြီလို့ခံစားရတာဘာကြောင်ပါလိမ့်။

အခုဂျွန်ဂျောင်ကုဆိုတဲ့လူရဲ့နှလုံးသားကိုရသွားတာဘယ်
သူလဲ။လိမ်ညာမူ့တွေလှည့်စားမူု့တွေလူမဆန်တဲ့လုပ်ရပ်
တွေကြား...

ဟေဆောင်းကိုရော တစ်ကယ်ချစ်ခဲ့ရဲ့လား ဂျွန်။

ကိုယ့်ကိုကိုယ်အရူံးသမားလို့ဟေဆောင်းခံစားလာရပြီး
အောင့်တက်လာသော ရင်ဘတ်တစ်နေရာကိုသတိမူမိကာ
လက်ကလေးနဲ့ခပ်ဖွဖွသာဖိထားမိပါသည်။

မိုးတွေနဲ့အပြိုင်ကျဆင်းလာတဲ့သူမမျက်ရည်တွေကို
ဂျောင်ကုမြင်မည်မဟုတ်။ဂျောင်ကုဆိုတဲ့လူကိုထွက်မသွား
ဖို့ဟန့်တားလိုက်ခြင်ပေမဲ့ ငြင်းဆန်မှာကြောက်သည်မို့ဒီ
အတိုင်းလေး နူတ်ဆိတ်ကာနေမိလိုက်သည်။

မျှော်လင့်ချက်အိမ်မက်တွေတစ်သီတစ်သန်းကြီး
ပေးခဲ့ပြီးမှ...မသက်ဆိုင်သလိုကျောခိုင်းထွက်သွားသော
အကြင်ယောကျာ်းအားသူမ မနာကျည်းရက်နိုင်ပဲ မျက်ရည်
တွေကြားထဲ က ပြုံး၍သာနူတ်ဆက်နိုင်ပါတော့သည်။

Thousand For Love(Completed)Where stories live. Discover now