Part..24

9.6K 1.3K 65
                                    

နောက်ဖေးချောင်ဝင်ခြင်းအမူ့သည်ဂျောင်ကုလိုလူအတွက်
သိပ်အကျွမ်းတစ်ဝင်ရှိသည်တော့မဟုတ်ပါ။ဒါတောင်အခု
တစ်လောYTပေါ်က Videoတွေကြည့်ထားလို့သာ။
နို့်မိုဆိုအချစ်လေးအားသူဘယ်ကစပြီးဘယ်လိုချက်ပြုတ်ကျွေးရမယ်မသိ။ကြက်သားဖတ်လေးတွေပေါလောပေါ်နေသည့်အဖြူ
ရောင်ဆန်ပြုတ်အိုးလေးကစားချင်စဖွယ်အငွေ့တစ်ထောင်း
ထောင်း။ ဒါတောင်အရသာအလေးအပေါ့အတွက်ဆား၊အရ
သာမူန့်မထည့်ရသေး။ထိုအရာတွေကလက်လွန်သွားရင်လည်းဟင်းတစ်ခုလုံးပျက်စီးသွားနိုင်သည်မို့မထည့်ခင် ပရော်ဖယ်ရှင်နယ် အတွင်းရေမူးဂျီမင်းအားPh လှမ်းဆက်မေးလိုက်သည်။

တစ်ဖက်က ဂျီမင်းမှာလည်းကိုကိုနဲ့ အိပ်ယာထက်အနမ်း
ပေးမည့်အချိန်တိုက်ရိုက်ကြီးဝင်လာသော Ph Call
ကြောင့်စိတ်ညစ်သွားရသလို မင်ယွန်ဂီကလည်းစိတ်ရူပ်သလို
မျက်နှာပေးဖြင့်မျက်လုံးထောင့်ကပ်ကြည့်လာသည်။

"ဘယ်သူလဲ..ဘေ ဘီ"

"Fuck...ချီး..သူဌေး။ကိုကိုခဏနော်..ဘေ ဘီPh ပြောလိုက်..ဦးမယ်"

ဆာဂျောင်အကြောင်းကိုဂျီမင်းကောင်းကောင်းသိသည်။သူ
သိချင်တာမေးချင်တာဒါမှမဟုတ်အရေးတကြီးကိစ္စတစ်ခု
ခုပြောချင်ရင်မကိုင်မချင်းဖုန်းခေါ်နေတတ်ပြီးနှစ်ခါအထက်
ဖုန်းမကိုင်ရင်လစာထဲက နေဒဏ်ကြေးဆောင်ရတတ်သည်။ထို့ကြောင့်ဂျီမင်းလေးမှာအမြန်ပင်ဘောစိ ဖုန်းကို
ကိုင်လိုက်တော့သည်။

"ဟုတ်ကဲ့...Boss အမိန့်ရှိပါ"

"ဟင်းချက်ရင် ဆားထည့်ပြီးမှအချိုမူန့်ထည့်ရလား၊
အချိုမူန့်ထည့်ပြီးမှ ဆားထည့်ရတာလား"

တော်တော်အရေးကြီးလွန်းတဲ့ကိစ္စပေမို့ဂျီမင်းအနည်းငယ်
တင်းသွားရသည်။ဒီလူက တစ်ဖက်လူဘာလုပ်နေတယ်
မသိ။အလိုက်ကန်းဆိုးမသိတတ်လိုက်တာ။

"ထည့်ချင်တာထည့်..."

"မင်းဖင်ကြီးကိုထည့်ချင်တာထည့်ပါလား၊ငါမေးတာပဲဖြေ..
ဆားအရင်လား အရသာမူန့်အရင်လား"

"ကျွန်တော်ပြောမယ်..နားထောင်"

ထိုသို့နှင့်ဂျီမင်းညွှန်ကြားမူ့အတိုင်းဆန်ပြုတ်တစ်ခွက်ကောင်း
ကောင်းချက်နိုင်ခဲ့ပြီးပန်းကန်လုံးလေးထဲထည့်ကာအိပ်ပေါ်
ထပ်အိပ်ခန်းဆီသို့ယူလာခဲ့သည်။အခန်းတံခါးဖွင့်လိုက်ချိန်
ကုတင်ထက်ကထယ်ယောင်းမှာစောင်လေးခြုံကွေးနေသည်မှာပုဇွန်ထုပ်လေးအတိုင်းပင်။

Thousand For Love(Completed)Where stories live. Discover now