Part..6

8.6K 1.2K 136
                                    

မင်းနေပြည်တော်ဂျိုဆွန်းကတော့အရင်လိုရောင်းဝယ်ဖောက်
ကားသူမျာသွားလာလူပ်ရှာသူများနှင့်အသက်ဝင်တုန်းပင်။
ငွေစမြောက်များစွာသုံးစွဲကာ လက်ဝက်ရတနာများကိုတစ်ရက်
တွင်းပြီးအောင်ဂျောင်ကုဈေးကြီးပေးကာလုပ်ခိုင်းလိုက်သည်။ ဈေးအတွင်းလူပြောအများဆုံးခေတ်အစားဆုံး သတင်းမှာ ဧကရာဇ်၏ရောဂါဝေဒနာကစိုးရိမ်ရကြောင်းနဲ့ထိုရောဂါဝေဒနာကရေသူမ၏နှလုံးသွေးနဲ့ဆိုပျောက်နိုင်ကြောင်းတအံတသြပြောဆိုကြကုန်သည်။နန်းတော်ထဲကထိုသတင်းကဘယ်ကဘယ်လိုပေါက်သည်မသိအခုတော့လူတိုင်းအားလုံးပါးစပ်ဖျားတွင်ရေပန်းအစားဆုံးသတင်းတစ်ပုဒ်ဖြစ်လာခဲ့သည်။ထိုစကားတွေကိုလစ်လျူရူကာဂျောင်ကုထယ်ယောင်းကြိုက်လောက်မည်ထင်သည့်သစ်သီဝလံတွေအပြင်မုန့်အချိုများကိုလည်းဝယ်ယူခဲ့သည်။ဆံထိုးလှလှလေးတွေကလစ်လှလှလေး
တွေရောင်းနေသောဆိုင်ရှေ့ရောက်တော့လည်းဂျောင်ကု
ခြေလှမ်းတွေတုံ့ကနဲ။သူကရုတ်တရပ်ထယ်ယောင်းအတွက်
မှန်နဲ့ခေါင်းစီးကြိုးလေးဝယ်ပေးချင်လာမိသည်။
ထို့ကြောင်ချခင်းထားတဲ့ထဲက ဘဲဥပုံလက်ကိုင်မှန်ချပ်လေး
အားယူကြည့်မိလိုက်သည်။

"ဒါလေးက ဘယ်လောက်လဲ"

"ငွေစ တစ်ရာထဲပါသခင်လေး"

ဂျောင်ကုမှာထိုမှန်လေးအပြင်ချည်ထားသောခေါင်းစီးကြိုး
ထဲမှအနီရောင်ဖဲ ကြိုးလေးအားသဘောကျကာဝယ်လိုက်
သေးသည်။ဈေးသည်ကောင်မလေးကလည်းဈေးရောင်း
ရသည်နှင့်ပျော်ရွှင်စွာပစ္စည်းတွေကိုထုပ်ပိုးပေးတော့သည်။
ထို့နောက် ပန်းထိမ်ဆိုင်ဘက်ထွက်လာကာအပ်ထားသော
ရတနာပစ္စည်းတွေကိုသွားရွေးရတော့သည်။

ဆိုင်ရှင်မှာဂျောင်ကုကိုမြင်သည်နှင့်မှတ်မိသည့်ပုံဆိုင်ထဲသို့
အမြန်ပြေးဝင်သွားပြီး ရတနာပစ္စည်းတွေအားယူထုတ်လာ
သည်။
ဂျောင်ကုခွဲပေးထားသည့်အတိုင်းပင်အရည်သွေးမြင့်ရွှေ
ရောင်စပ်ပုလဲတွေသည်ကလစ်လှလှပေါ်အသရေတင့်စွာ
နေရာယူထားပြီးရိုးရိုးသာမာန်အရည်အသွေးရှိဘော်ငွေရောင်
ပုလဲတွေကတော့လည်ဆွဲလေးအဖြစ်လှပညီညာစွာကုံးသီ
ထားသည်။

Thousand For Love(Completed)Where stories live. Discover now