Part..25

10K 1.3K 69
                                    

ဂျောင်ကုအကျင့်အတိုင်းမနက်မိုးလင်းသည်နှင့်အပြင်း
အထန်workout လုပ်လေ့ရှိသည်။နေ့တိုင်းမပျင်းမရိ
ကြိုးစားအားထုတ်တတ်သောသူ့လုံးလကြောင့် အကောင်း
ဆုံး Body Structure တစ်ခုကိုပိုင်ဆိုင်ထာပြီး
ဘာဝတ်ဝတ် smart ကျကာကြည့်ကောင်းနေတော့သည်။
မနက် ငါးနာရီခွဲ ထကာ Workout လုပ်ပြီးသည်နှင့်
အချစ်လေးအတွက် နွားနို့ပူပူလေးတစ်ခွက်နှင့်နို့ကိတ်မုန့်လေး
ပြင်ဆင်လိုက်သည်။

ထယ်ယောင်းက အခုမှမွေးကာစကလေးငယ်တွေလိုပင်
အပူအစပ်တွေအမာစာတွေအစားထိုသို့နူးညံအိမွှေးတဲ့
အစားစာတွေသာစားဖို့သင့်တော်သည်ဟုဂျောင်ကု ထင်မြင်
မိသည်။  တီကနဲ တံခါးဘဲလ်သံကြောင့် မနက်မိုးလင်းအ
စောကြီးရုံးမသွားခင်ဂျီမင်းသူ့ဆီလှည့်ဝင်လာတာလို့ထင်မြင်
မိလိုက်ပေမဲ့တစ်ကယ်တမ်း တွေ့လိုက်ရသည်က ပတ်ခ်အန်
နာပင်။

မတွေ့ရတဲ့တစ်လတာအတွင်းပတ်ခ်အန်နာမှာအနည်းငယ်ပို
ပိန်သွားရပြီးမျက်နှာလေးကလည်းအနည်းငယ်ချောင်ကျသွာ
သည်။

"ဂျောင်ကုရှီ..."

သူမကအလှပဆုံးပြုံးကာဂျောင်ကုအားဆွဲဆောင်လိုက်ပေမဲ့
အပြုံးအရယ်မဲ့နေသောမူန်ကုပ်ကုပ်ဂျောင်ကုမျက်နှာပေးဖြင့်.သာရင်ဆိုင်လိုက်ရသည်။

"အန်နာရှီ...ဘာကိစ္စရှိလို့ဒီထိလိုက်လာရတာလဲ၊ကျွန်တော်
တို့ကြားက ကိစ္စအားလုံးလည်းပြီးသွားပြီမလား"

ဂျောင်ကုစကားကြောင့်အန်နာမျက်နှာတစ်ချက်ပျက်ယွင်းသွား
ပေမဲ့အမြန်ပင်အပြုံးတုအားကောက်တပ်နိုင်ခဲ့သည်။

"အစ်ကို နဲ့စကားနည်းနည်းပြောလို့ရမလား၊နည်းနည်းလေး
ပါအကူအညီတောင်းချင်လို့"

အန်နာဘာပြောချင်မလဲဆိုတာဂျောင်ကုမသိ။သူတို့ကြား
က ငွေစော်နံတဲ့ ဆက်နွယ်မူ့မျိုးဆိုဂျောင်ကုယတိပြတ်ငြ င်း
လိုက်မည်မှန်သော်လည်းယခုလို မျက်နှာငယ်နှင့်အကူအ
ညီးတောင်းတယ် ဆိုတဲ့စကားကျတော့...ဂျောင်ကု လည်း
အန်နာ ဘာပြောမလဲဆိုတာသိချင်သည်မို့ခေါင်းညိမ့်ကာပင်
သဘောတူလက်ခံလိုက်သည်။

Thousand For Love(Completed)Where stories live. Discover now