Part..3

9K 1.3K 90
                                    

ပြာလဲ့လဲ့ရေကန်၏အနက်ရိုင်းဆုံးအပိုင်းတွင်အစိမ်းရောင်
ရေညိုပင်ကြီးများယိမ်းထိုးနေကြပြီးရွှေငါးအမြောက်အများ
သည်လည်းဟိုမှဒီကူးခတ်နေကြသည်။ရေပြင်အောက်ခြေ
တွင်ကြီးမားသောကျောက်တုံးကျောက်ခဲကြီးများရှိသလိုထို
ကျောက်တုံးကြီးများပေါ်အမှီသဟဲပြုရင်းပေါက်ရောက်နေတဲ့
ရေအောက်မိုပင်တစ်ချို့လည်းရှိသည်။အပေါ်ယံရေမျက်နှာ
ပြင်သာနေအလင်းရောင်ကောင်းစွာရသောကြောင့်လင်းထင်း
နေပြီး..ရေထု၏ အောက်ဆုံးကိုရောက်လေ အရောင်ပိုရင့်
လေဖြစ်ပြီးရေအောင်ကြမ်းပြင်ကတော့ပိုအေးစက်ကာအလင်းပိတ်နေတတ်သည်။ထိုရေပြင်နဲ့ဆက်စပ်နေတဲ့ထုံးကျောက်လို
င်ဂူကြီးအတွင်းရှိကျောက်ဆောင်ကြီးအပေါ်တွင်ဆံပင်အပြာ
ရောင်နဲ့လူငယ်တစ်ယောက်မှာငုတ်တုပ်ထိုင်လျှက်ရှိသည်။
အနီးကပ်သေချာကြည့်ကြည့်ပါမှမူ...ထိုလူငယ်တွင် ခြေ
ထောက်များမရှိဘဲရွှေရောင်ငါးအကြေးခွံအမြှီးကြီးသာရှိသည်ကိုမြင်တွေ့ ရမည်ဖြစ်သည်။ထုံးကျောက်ဂူအတွင်းသဘာဝ
အတိုင်းဖြစ်ပေါ်နေသောကျောက်ပန်းဆွဲကျောက်နံရံကြီးတွေ
ရှိပြီးရေစက်ရေပေါက်တို့မှာတစ်စက်စက်တစ်တောက်တောက်
ကျနေသည်မှ သဘာဝတေးသွားသဖွယ်။

ရေသူထီးလေးထယ်ယောင်းမှာလှပသောသူ့လက်ကလေး
တွေကိုကြည့်ရင်းအတွေးဝဲဂယက်ထဲအချိန်ကြာစွာနစ်မြုပ်နေ
သည်။မနေ့ညက သူမျိုးကွဲလူတစ်ယောက်ဆီမှာအဖမ်းခံ
လိုက်ရပြီး ရင်တုန်ပန်းတုန်ကြောက်လန့်ကာသူ့လက်သည်းနဲ့
ကုတ်ပစ်မိလိုက်သည်။သူ၏ လက်သည်းတွေကထက်ကာ
လက်သည်းဆိပ်လည်းရှိသည်မို့ထိုလူသားတော်တော်နာသွား
မှာအမှန်။ပန်းရောင်မျက်ခွံတွေပိတ်လိုက်တိုင်းသူ့စိတ်အာရုံ
တွင်သူကုတ်လိုက်လို့နာကျင်သွားပုံရသည့်လူသားမျက်နှာကို
အထင်းသားမြင်နေရသည်။

ရန်ပြုပြီးစိတ်မကောင်းဖြစ်နေတဲ့ရေသူထီးလေးမှာ ကျောက်ဂူ
လေးထဲကနေအပြင်ဘက်သို့ထွက်လာခဲ့သည်။ လှပသော
ရွှေဝါရောင် ငါအမြှီးကြီးမှာရေထဲတွင်ကျင်လည်စွာကူးခတ်
နေပြီးခန္ဓာကိုယ်သေးသေးလေးမှာအရှေ့သို့အားပြုကာသွား
တိုင်းအပြာရောင်ဆံနွယ်တွေက အနောက်ကိုဝဲကနဲ။တော်
ရုံတန်ရုံမနက်ပိုင်းနေအလင်းရောင်မကြည့်တဲ့ရေသူထီလေး
မှာဒီနေ့တော့စွန့်စွန့်စားစား မနက်ပိုင်းနေအလင်းရောင်ကြောင့်
နွေးထွေးနေသောကန်ရေမျက်နှာပြင်ထက်တက်လာခဲ့သည်။
လာသာလာခဲ့ရသည် ထိုလူသားရှိနေမနေသူမပြောတတ်ပါ။

Thousand For Love(Completed)Where stories live. Discover now