Chapter - 13

3.1K 340 101
                                    

Unicode
~~~~~~~~

မုဒြာထမင်းပန်းကန်တွေဆေးကြောပြီးသွားလို့ အနားယူဖို့ပြင်နေစဉ် စားပွဲပေါ်မှာတင်ထားတဲ့ မောင့်ရဲ့ဖုန်ထဲစာဝင်လာသံကြားလိုက်ရသည် ။ မောင်ကအပြင်ခနသွား၍ အိမ်မှာမရှိနေဘူး ။ ကုမုဒြာ ဖုန်းရဲ့မျက်နှာပြင်ကိုကြည့်မိတော့ ကသစ်ပန်းဆိုတဲ့နာမည်နဲ့စာဝင်ထား၍ မနေနိုင်ပဲဖုန်းကိုယူကာ ဖွင့်ကြည့်လိုက်သည် ။

💬 - ' မောင် … ကသစ်ရဲ့မွေးနေ့က ဒီတစ်ပတ်ပိတ်ရက် … ကသစ်မောင့်ဆီလာခဲ့ရမလား မောင်ကသစ်ဆီလာမှာလား '

စာထဲမှာ သူမရဲ့လေသံကချွဲနွဲ့နေကာ အလွန်မသတီစရာကောင်းလှသည် ။ ကံကောင်းတာက မောင့်လိုလူမျိုးဟာ စကားနည်းသလို စာရိုက်ပြီးအီစီကလီလုပ်တတ်တဲ့အကျင့်လဲမရှိပေ ။

ခုချိန်ထိ မောင်ကဖုန်းကိုလော့ချမထားသလို အလုပ်ကိစ္စအတွက်သာအသုံးပြု၍ တစ်ခြားလူတွေနဲ့ စာပို့ပြီး ပြောထားတာမျိုးမရှိနေပေ ။ ကသစ်ပန်းဘက်ကသာ စာတွေများစွာပို့ထားပြီး မောင်ကတော့ သူ့အကျင့်အတိုင်း အေးဆက်ဆက်စာတစ်ကြောင်းသာပြန်ပို့ထားသည် ။

ထိုစဉ် မုဒြာအတွေးထဲမှာ ကသစ်ပန်းသူ့ကိုပြောခဲ့တဲ့ သူမနဲ့မောင်အတော်လေးအဆင်ပြေနေပြီဆိုတဲ့စကားကို မုဒြာပြန်ကြားမိတော့ ရယ်ချင်လာသည် ။ မောင်က သူမအပေါ်ဒီလောက်ထိ အေးဆက်နေတာကို ဘယ်မှာအဆင်ပြေနေလို့လဲ ?

ထိုစဉ်ကသစ်ပြောတဲ့ သူမရဲ့မွေးနေ့ရက်ကိုတွက်ကြည့်လိုက်တော့ မုဒြာမရယ်နိုင်တော့ပေ ။ ထိုနေ့ကအရမ်းအရေးကြီးသည့်နေ့ဖြစ်နေသည် ။

ဒီလောကမှာ Omega တွေအတွက် Heat Cycle ကာလရှိသလို အယ်ဖာတွေမှာလဲ အိုမီဂါတွေရဲ့ Heat နဲ့တူညီတဲ့ Rut ကာလဆိုတာရှိသည် ။ အိုမီဂါတွေ Heat ဖြစ်ရင် Slick တွေက အယ်ဖာတွေကိုသွေးဆာနေတဲ့ဝံပလွေအဖြစ်ပြောင်းလဲနိုင်သလို အယ်ဖာတွေ Rut ဖြစ်ရင်လဲ အိုမီဂါကိုထိန်းချုပ်နိုင်ကာ သူတို့ရဲ့သားကောင်ဖြစ်လာစေသည် ။

Rut ကာလမှာ အယ်ဖာတွေကပုံမှန်ထက်ရန်လိုတတ်ကြပြီး ဒေါသလဲကြီးလွယ်သည် ။ သူတို့ရဲ့ထကြွနေတဲ့စိတ်ခံစားမှုကြောင့် အထိန်းအချုပ်မဲ့ကာ ပိုင်ဆိုလိုစိတ်ကြီးမားလာတတ်ကြသည် ။ သူတို့ရဲ့အားပြင်တဲ့အငွေ့အသက်ကြောင့် အနီးအနားရှိအိုမီဂါတွေက Heat ဖြစ်စေနိုင်သည် ။ ဒါကြောင့် Run ကာလမှာ အယ်ဖာတစ်ယောက်က အပြင်မှာလျှောက်မသွားနေသင့်ပေ ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now