Chapter - 14

20.7K 1K 207
                                    

လှပတဲ့ပန်းခင်းကြီးထဲမှာ မုဒြာပြေးလွှားနေကာ သူ့ရဲ့အနောက်ကို မောင်ကလိုက်နေသည် ။ မောင်ကမုဒြာလဲသွားမှာဆိုးလို့ သူ့ရဲ့ပိန်ပါးတဲ့လက်မောင်းတွေနဲ့မုဒြာကိုဖမ်းဆွဲထားသည် ။ လရောင်အောက်မှာ ပန်းခင်းအလယ်၌ ပျော်ရွှင်နေကြတဲ့ကလေးငယ် ၂ ယောက်ရဲ့ပုံရိပ်တွေက အရမ်းကိုထင်ရှားနေကာ မြင်သူတိုင်းကိုကြည်နူးသွားစေသည် ။ ဒါဟာမောင်မုဒြာရဲ့အိမ်တော်သို့ စရောက်ခါစက အချိန်တွေဖြစ်သည် ။

မောင်ကပိန်လွန်း၍ ထမင်းချက်အန္တီကြီးကို မုဒြာကိုယ်တိုင်မောင့်အကြိုက်တွေရွေးချက်ဖို့မှာကြားလိုက်သည် ။ မုဒြာကမောင့်ကို လုံးလုံးလေးအဖြစ်သူ့အနားနေပေးဖို့တွေးထားပေမဲ့ ဘယ်တုန်းကမှ တန်ဖိုးမဲ့စွာဆက်ဆံမှုမျိုးမလုပ်ပဲ အမြဲအလိုလိုက်ကာ လိုလေသေးမရှိအောင်ထားသည် ။

နာခံတတ်တဲ့မောင်က မုဒြာကိုအမြဲပြုံးပြကာ လိမ္မာစွာ မုဒြာပြောသမျှကိုနားထောင်ပြီး ညဘက်တွေမှာ မုဒြာကိုပွေ့ဖက်ပြီးအိပ်စက်သည် ။ လုံးလုံးကမုဒြာရဲ့ကိုယ်ငွေ့ကိုခိုလှုံပြီး ရင်ခွင်ထဲမှာအိပ်ရတာနှစ်သက်သလို မုဒြာကလဲမောင့်ရဲ့ကိုယ်ငွှေ့ကိုခိုလှုံပြီး မောင့်ရင်ခွင်ထဲမှာ အိပ်စက်ရတာကို နှစ်သက်သည် ။

မနက်မိုးလင်းလာတာနဲ့ မုဒြာလေးရဲ့မောင်က မုဒြာနိုးအလာကိုစောင့်နေပြီးမှ ထသည် ။ မုဒြာကမစောင့်ဖို့ပြောတော့ မောင်ကသူထလျှင်လှုပ်မိသွားပြီး မုဒြာနိုးသွားမည်ကိုကြောက်ရွံ့မိခြင်းကြောင့်ဟုပြောလာသည် ။ မောင်ကအရမ်းကိုချစ်ဖို့ကောင်းသည် ။ ထမင်းစားတဲ့အခါ မုဒြာပန်းကန်ထဲကိုမောင်ကခူးခပ်ထည့်ပေးပြီး သခင်တစ်ယောက်လို ဂရုစိုက်ပေးသည် ။ မုဒြာကလဲမောင့်ရဲ့ဂရုစိုက်ပေးမှုတွေကြောင့်ပျော်ရွှင်နေခဲ့သည် ။

ကျောင်းရောက်သည့်အခါတိုင်း မောင်ကမုဒြာနောက်ကိုတကောင်ကောက်လိုက်ကာ မုဒြာလိုအပ်သမျှကို မညည်းမငြူလိုက်လုပ်ပေးကာ စောင့်ရှောက်ပေးသည် ။ စာဖတ်သည့်အချိန်တွေမှာလဲ မုဒြာအိပ်ပျော်သွားလျှင် မောင်ကသူ့လက်မောင်းဖြင့်ခေါင်းအုံးစေကာ မုဒြာနိုးလာတဲ့ထိစောင့်ပေးနေသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now