2

561 67 1
                                    

Zawgyi

ထို့​​နောက်​ ပွဲကြည့်​​နေကြ​သော လူများမှာ ထိုအသံထွက်​​ပေါ်လာရာကို ပြိုင်​တူလှည့်​ကြည့်​လိုက်​ကြ​တော့ တစ်​​ကျောင်းလုံးတွင်​ ​ရွှေ​အို​ရောင်​ဆံပင်​​တွေကိုပိုင်​ဆိုင်​ထား​တဲ့ တစ်​ဦးတည်း​သော အလှနတ်​ဘုရားမ ပတ်​ချယ်​​ယောင်း ဖြစ်​​နေ​လေသည်​။

ထို ပတ်​ချယ်​​ယောင်း မှာ ​ရွှေအို​ရောင်​ဆံနွယ်​​တွေကို ​ကျောပြင်​ထက်​သို့ဖြန့်​ချထားပြီး ​ကျောင်းလွယ်​အိတ်​ကို ဘယ်​ဘက်​ပုခုံးထက်​တွင်​ လက်​တစ်​ဖက်​ဖြင့်​လွယ်​ထားကာ ဂျင်းနီ နားသို့ ဟန်​ပါပါ တစ်​လှမ်းချင်း​လျှောက်​သွား​လေ​တော့သည်​။

ထို့​နောက်​ ဂျင်းနီ ရဲ့ ပုခုံး ​ပေါ်တွင်​ လက်​တင်​လိုက်​ကာ

"နီနီ နင်​ က အရင်​အ​လျော့​ပေးဖို့ လုပ်​​နေတာလား?"

ချယ်​​ယောင်း စကား​ကြောင့်​ ဂျင်းနီ ​ခြေလှမ်းရန်​ပြင်​​နေရာမှ ရပ်​လိုက်​ပြီး ချယ်​​ယောင်း ဘက်​ကို လှည့်​လိုက်​ကာ

"ဒါက နည်းဗျူဟာ တစ်​ခု​လေ"

"အိုး.....ငါ ဖျက်​လိုက်​မိတယ်​ လို့​တော့မ​ပြောနဲ့​နော်​!"

ဂျီဆူ သူမ​ ​ရှေ့က သုံး​ယောက်​ကို ကြည့်​ပြီး သက်​ပြင်းချမိလိုက်​​လေသည်​။
ဒီနည်းအတိုင်းဆို တစ်​​နေ့လုံးကုန်​သွားရင်​​တောင်​ တစ်​​ယောက်​မျှ ​နေရာမှ ​ရွေ့ကြမည့်​ပုံမ​ပေါ်​ပေ။

...........

သူမ တို့အ​ကြောင်း​ပြောရမည်​ဆို ဟိုးအရင်​ မူလတန်း ဘ၀ကိုပြန်​သွားရ​ပေလိမ့်​မည်​။
သူမရယ်​ ဂျင်းနီ ရယ်​ လီဆာ ရယ်​က ငယ်​သူငယ်​ချင်း​တွေဖြစ်​ရုံသာမက အိမ်​​တွေကလည်း ခြံချင်းကပ်​ရပ်​ဖြစ်​​​နေကြ
ကာမိဘ​တွေကလည်း အလွန်​ပင်​ရင်းနှီး​လေသည်​။
ဂျင်းနီ နဲ့ လီဆာ တို့အိမ်​က ​ဘေးချင်းကပ်​လျက်​ဖြစ်​ပြီး သူမ အိမ်​က ​တော့ လီဆာ့ အိမ်​နှင့်​ မျက်​နှာချင်းဆိုင်​တွင်​ဖြစ်​ပြီး သူမ တို့ အိမ်​​တွေရဲ့ကြားမှာ​တော့ ကားလမ်းသာ ခြားထား​လေသည်​။

SHEWhere stories live. Discover now