32

328 49 4
                                    

Zawgyi

ဂျီဆူ တစ်​​ယောက်​ ​ဆေးရုံနားက market တစ်​ခုတွင်​ အသီးများ ၀ယ်​ပြီးသည်​နှင့်​ ဂျင်းနီ ထံသို့ သွားလိုက်​​လေသည်​။သို့​သော်​ မြင်​လိုက်​ရ​​တဲ့ မြင်​ကွင်း က သူမ ကို ​​ရှောခ့်​ ရသွား​စေ​လေသည်​။

"နီနီ!!!"

ဂျင်းနီ တစ်​​ယောက်​ ဂျီဆူ ရဲ့ ​​အော်​သံ​ကြောင့်​ ​ခေါက်​ဆွဲ​ စားလက်​စကြီးဖြင့်​ တံခါးဝ ဘက်​ကိုကြည့်​လိုက်​​လေသည်​။

ထို့​နောက်​ ဂျီဆူ က သူမ ထံသို့ ​လေကဲ့သို့ အရှိန်​ဖြင့်​ လာ​နေကာ သူမ လက်​ထဲက ပန်းကန်​ ကို လုယူသွား​လေ​တော့သည်​။

"နင့်​ ကို ဒါ ဘယ်​သူ ​ကျွေးတာလဲ!!"

ပါးစပ်​ထဲတွင်​ ​ခေါက်​ဆွဲ​တွေဖြင့်​ ပြည့်​​နေသည်​မို့ ဂျီဆူ့ ၏ အ​မေးကို ဂျင်းနီ မ​ဖြေနိုင်​​သေးသည်​မို့ ဂျီဆူ့ အား ခဏ ဆိုသည့်​သ​ဘောဖြင့်​ လက်​တစ်​ဖက်​ ကာပြလိုက်​​လေသည်​။

"ငါ ​ကျွေးလိုက်​တာ.."

မ​မျှော်​လင့်​ ထား​သော ဖြစ်​ရပ်​ကြီး​ကြောင့်​ ဂျီဆူ က လီဆာ့ မျက်​လုံး​တွေ ကို ​စေ့​စေ့ကြည့်​ကာ ​​သေချာ​အောင်​ ​​နောက်​တစ်​ခါ ထပ်​​မေးလိုက်​​လေ​တော့သည်​။

"​သေချာလား...!"

"အင်း သူ စားလို့ရမယ်​ ထင်​လို့ ​​ဘေးဆိုင်​ က ၀ယ်​လာခဲ့လိုက်​တာ"

"မသိလို့ ၀ယ်​ခဲ့တာ ဆို​တော့ ထားလိုက်​ပါ......ဒါ​ပေမယ့်​....."

ဂျီဆူ က လီဆာ့ ထံမှ အကြည့်​လွှဲ ကာ ဂျင်းနီ ကို ကြည့်​လိုက်​​တော့ သူမ ကို ပြူးပြူး​လေးဖြင့်​ စိုက်​ကြည့့််​​နေ​လေ​သည်​။

"နင်​ ၀ယ်​တာ ဆိုလို့က​တော့ ငါ့ အ​ကြောင်းသိတယ်​မလား!!"

ဂျင်းနီ ပါးစပ်​ထဲရှိ လက်​ကျန်​​ခေါက်​ဆွဲ​လေး ကို မြိုချလိုက်​ကာ ဂျီဆူ့ ကို ​ခေါင်းပြုတ်​မတတ်​ ငြိမ့်​ပြလိုက်​​လေသည်​။

"ငါ နင့်​ကို မစား​စေချင်​လို့​တော့မဟုတ်​ပါဘူး နင်​ က အ​အေးမိထား​တော့ ​​ခေါက်​ဆွဲ​တွေစားရင်​ ရင်​ပြည့်​ပြီး အန်​​နေမှာစိုးလို့..."

SHEWhere stories live. Discover now