62

217 27 1
                                    

Uni

"ဒယ်ဒီ့ လက်ချက်မလား"

ကြီးမားခမ်းနားလှသောအိမ်ကြီးထဲသို့ ဒေါမောဖြင့် ရောက်ချလာသော လူငယ်တစ်ယောက်။

သူ့အား တားဆီးထားသော ဘော်ဒီဂတ်များကို အလဲထိုးခဲ့သောကြောင့် သေွးစများဟာ မျက်နှာထက်တွင် ပျံ့နှံ့နေလျက်။

"သားငယ်"

"ကျွန်တော့်ကို သားလို့မခေါ်နဲ့!!"

ဂရုဏာသက်သံအား ဒေါသဖြင့်ပြန်ခံပြောရင်း အင်္ကျီထဲတွင် ကွယ်ဝှက်ထားသော သေနတ်တစ်လက်အား အဖေဖြစ်သူထံ ချိန်ရွယ်လျက်။

လူငယ်ရဲ့လက်ထဲရှိသော သေနတ်ကြောင့် ဘေးရှိအစောင့်များမှာလည်း ထိုလူငယ်အား သေနတ်ဖြင့် ချိန်ရွယ်ထားကြလေသည်။

"မင်းတို့်ထွက်သွားကြ"

သြဇာညောင်းသော အသံတစ်သံဟာ အိမ်အတွင်းတွင် ထွက်ပေါ်လာသောလည်း ထိုအစောင့်များမှာတော့ ထိုအမိန့်အား နာခံချင်ပံုမရ။

"မိသားစုအရေး မင်းတို့နဲ့မဆိုင်ဘူး....အေး တစ်ခုခုဆိုလည်း ငါ့သားကို ထိမယ်မကြံနဲ့...ဒါ ငါ့အမိန့်!!"

'အမိန့်´ ဟူသော စကားကို ကြားမှသာ ထိုလူများသည် သူတို့ရဲ့ လက်နက်ကို ပြန်လည်သိမ်းယူပြီး အိမ်ကြီးထဲမှ ထွက်သွားကြလေတော့သည်။

"ကိုယ့်အိမ်ရောက်တာပဲ ထိုင်ပါဦးလား"

"ဖြေဆေးဘယ်မလဲ"

နှစ်ပေါင်းများစွာ အိမ်ကထွက်သွားသော ကလေးထံမှ ပထမဆံုးကြားရသည်မှာ သူစိမ်းဆန်သော စကားဖြစ်ပြီး သားဖြစ်သူရဲ့မျက်ဝန်းထဲက အကြည့်တေွဟာလည်း ခါးသက်လွန်းလှသည်။

"အစ်ကို ကိုသတ်တဲ့သူကို သတ်မယ်ဆိုပြီးထွက်သွားတာမလား သားငယ်...အခု သားငယ် ပျော်နေရမှာလေ"

"ဟက် ကျွန်တော် အတန်တန် သတိပေးခဲ့ပါတယ် သူ့ကိုမထိပါနဲ့လို့....အရင်တစ်ခါတုန်းကလည်း ခင်ဗျားပဲ....ခင်ဗျား ကျုပ်ကိုလှည့်ခေါ်ပြီး သူ့ကိုလုပ်ကြံခဲ့တာ...နောက် ရဲတေွကလည်း ခင်ဗျားပဲမလား...."

"သားငယ်"

"ကျုပ်ကို အဲလိုမခေါ်စမ်းနဲ့!!"

SHEWhere stories live. Discover now