58

301 24 6
                                    

Uni

"ဆိုတော့ မင်း အခု ဘာဆက်လုပ်မယ်လို့ စဥ်းစားထားလဲ?"

all black ကိုမှ အပေါ်မှ ကုတ်အဖြူထပ်ထားေသာ လှပသော အမျိုးသမီးတစ်ယောက်က သူမ အားမေးခွန်းထုတ်လာလေသည်။

"ကျွန်တော်ကတော့ သိပ်တော့သဘောမတူချင်ပေမယ့်....ကျွန်တော် ဝင်စွက်ဖက်လို့ကောင်းတဲ့ကိစ္စမှမဟုတ်ဘဲ.....မ တို့ စိတ်တိုင်းကျသာစီစဥ်ကြပါ...."

ထို all black ဝတ်ထားသော အမျိုးသမီးဘေးရှိ ကလေးငယ်လေးအား ပိုက်ထားသော
လူတစ်ယောက်ထံမှ ထွက်လာသော စကားလံုးတို့ဟာ သူ့အစီအစဥ်ကို ထောက်ခံနေသယောင်။

"ခွင့်လွှတ်ပေးပါလို့လည်း မတောင်းဆိုချင်သလို နားလည်ပေးပါလို့လည်း မပြောချင်ဘူး တီလေး.....အခုလိုလုပ်လိုက်ရတာက နီ့ကိုပိုင်ဆိုင်ချင်လို့....မဟုတ်ဘူးပိုင်ဆိုင်ချင်လို့ဆိုတာထက် ကိိုယ့်အပိုင်ကိုပြန်ယူတာ ဒီကြားမှာ နီက မြေစာပင်ဖြစ်သွားတာကတော့ ကိုယ့်အပြစ်မကင်းပေမယ့်.....တီလေးက လက်လျော့ခိုင်းရင် တီလေးနဲ့ ကိုယ်နဲ့ ရန်သူဖြစ်ရလိမ့်မယ်"

ဆိုးဟွာ သူမရေှ့တွင် ထိုင်နေသော ကလေးငယ်အားကြည့်ပြီး သက်ပြင်း တသွင်သွင်ချမိလေသည်။

ဒီကိစ္စတေွဟာ ကံတရားကြောင့် ဖြစ်ပျက်လာခဲ့တဲ့ကိစ္စတေွလေ။

အစ်ကိုတို့လင်မယား သေဆံုးပြီးနောက် တူမလေးကိုလည်း သေပြီလို့ မှတ်ထားခဲ့တာမလား။

ဒီကောင်မလေးကသာ လက်မခံနိုင်လို့ မရရအောင်အတင်းရှာခဲ့တာ။

ကိစ္စအလံုးစံုကို ချယ်ယောင်းပြောပြလို့ သူမ သိသင့်သလောက်သိပြီးြဖစ်သည်။

အမှန်အတိုင်းပြောရရင် သူမ လည်း ချယ်ယောင်းနဲ့ စိ်တ်သဘောထားတိုက်ဆိုင်လေသည်။

ဟိုကောင်လေးကလည်း တူမလေးကို တကယ်ချစ်သည်သာ။

ချစ်လွန်းလို့ မလုပ်သင့်တာတေွကို လုပ်ခဲ့မိရံုပဲမလား။

အချစ်နဲ့စစ်မှာ မတရားတာမရှိပေမယ့် ဖြစ်သွားတဲ့ကိစ္စတေွမှာ တူမလေးကသာ မြေစာပင်ဖြစ်သွားသည်မလား။

SHEWhere stories live. Discover now