39

335 51 4
                                    

Zawgyi

ဆူဂျင်း နဲ့ လီဆာ တို့နှစ်​​ယောက်​စလုံး ဂျင်းနီ ရဲ့ ထိုစကား​ကြောင့်​ ​ရှောခ့်​ ရသွားကာ ​ခေတ္တမျှ ​ကြောင်​စီသွား​လေ​တော့သည်​။
ဂျင်းနီ က​တော့ ထိုလူနှစ်​​ယောက်​ရဲ့ အံ့သြ​နေမှုကြီး ကို အခွင့်​​ကောင်းယူကာ.....

"ဒါဆို ငါ က ဒီမှာ ရှိ​နေစရာ​တောင်​ မလို​တော့ဘူးပဲ...."

ဂျင်းနီ ထိုကဲ့သို့​ပြောလိုက်​ပြီး​နောက်​ တိုက်​တိုက်​ဆိုင်​ဆိုင်​ပင်​ သူမ တို့ ၀ိုင်း ကို waiter ​လေးတစ်​​ယောက်​ က ​ရောက်​လာပြီး လီဆာ မှာထားပုံရသည့်​ စားစရာ​တွေကို လာချ​ပေး​နေ​လေသည်​။

"ဟုတ်​တယ်​မလား..??"

သူမ waiter ​လေးကို ကြည့်​ပြီး​မေးလိုက်​သည်​မို့ ထို waiter က​လေးမှာ ​ခေါင်း​လေးတကုတ်​ကုတ်​ဖြင့်​ 'အယ်​ ​တွေ....ဟို​တွေ....ဘာ​တွေ´ လုပ်​​နေသည်​မို့ ဂျင်းနီ ​နောက်​ထပ်​တစ်​ဖန်​ထပ်​​မေးလိုက်​​လေ
သည်​။

"ဟုတ်​တယ်​မလား....!"

ထို waiter က​လေးမှာ ဂျင်းနီ ​ကြောင့်​ အကြပ်​ရိုက်​သွားသည်​ထင်​သည်​။သူမ ရဲ့ စကားကို ​ထောက်​ခံသည့်​သ​ဘော ဖြင့်​ ​ခေါင်းငြိမ့်​ပြသွားက နှုတ်​ကလည်း 'ဟုတ်​မယ်​လို့ ထင်​တာပဲဗျ´ ဟု ​ပြောသွား​လေသည်​။

ဂျင်းနီ ထို waiter ​လေး ရဲ့ စကား​ကြောင့်​ ပြုံးမိသွားကာ လီဆာ့ ကို လည်း တည့်​တည့်​စိုက်​ကြည့်​လိုက်​သလို သူမ ရဲ့ ​နောက်​​ကျောဘက်​ကလည်း သက်​ပြင်းချသံအရှည်​ကြီး ကို ကြားလိုက်​ရ​လေသည်​။

"ကဲ ဆို​တော့.......ငါ......"

"နင်​ က ဘာလို့ အဲလိုထင်​ရတာလဲ..."

သူမ ရဲ့ စကားကို ဖြတ်​​ပြောလာ​သော လီဆာ့ ​ကြောင့်​ ဂျင်းနီ က အပျင်းတစ်​​နေ​သော ​ကြောင်​​ပေါက်​​လေးတစ်​​ကောင်​ကဲ့သို့ စားပွဲ​ပေါ်သို့ လက်​တင်​ပြီး ​မေး​ထောက်​လိုက်​ကာ လီဆာ့ ကို ကြည့်​​နေလိုက်​​လေသည်​။

"ဘာလို့,လို့ ထင်​လဲ...?"

ဂျင်းနီ ​ထိုကဲ့သို့ ပြန်​​ပြောလိုက်​ပြီး​နောက်​ ​သူမ ၏ ​ရှေ့တွင်​ ရှိ​သော ​ကော်​ဖီ​မွှေသည့်​ ဇွန်းက​လေးက ​ကောက်​ကိုင်​လိုက်​ကာ သူမ ရဲ့ ကျန်​လက်​တစ်​ဖက်​အား အလုပ်​​ပေးလိုက်​​လေသည်​။

SHEWhere stories live. Discover now