29

390 47 4
                                    

Zawgyi

ထိုလူ၏ ​အော်​သံ က သရဲအိမ်​ အပြင်​ဘက်​အထိပင်​ လွှမ်းသွားသည်​မို့ ထိုအသံကို ကြားလိုက်​ရ​သော လီဆာ က​တော့ အပြင်​တွင်​ ဖင်​တကြွကြွဖြင့်​ ​ခြေမကိုင်​မိလက်​မကိုင်​မိ ဖြစ်​​နေ​လေသည်​။

အထဲတွင်​​တော့ ဂျင်းနီ ထို​ကောင်​​လေးအား မနည်းရှင်းပြလိုက်​ရ​လေသည်​။
ဒါ​တောင်​မှ တ​ကောင့်​သား​လေးက မျက်​ရည်​​တွေရွှဲကာ ငိုပါချ​နေသည်​မို့ ဂျင်းနီ သား​ချော့​တေး ​တောင်​ ဆိုပြရမလိုဖြစ်​ခဲ့​သေး​သည်​။

လက်​ပြဿနာ ​ဖြေရှင်းခန်းကြီးပြီးဆုံးသွားပြီး​နောက်​တွင်​ ထို​အသည်းငယ်​တတ်​​သောလူတစ်​စု က ဂျင်းနီ အား ဒိုင်းကာသဖွယ်​ အကာအကွယ်​ယူလိုက်​ပြီး ဂျင်းနီ သွားသမျှ​နောက်​က တ​ကောက်ေ​ကာက်​လိုက်​နေ​လေ​တော့သည်​။

ဤသို့ဖြင့်​ ဆယ့်​ငါးမိနစ်​​လောက်​ ကြာ​တော့ သူမ တို့ အကုန်​လုံး ​ရှော​ရှောရှူရှူ ​အောင်​​အောင်​မြင်​မြင်
ဖြင့်​ အပြင်​သို့​ရောက်​ရှိသွား​လေကြ​တော့သည်​။သူမ တို့အဖွဲ့ အပြင်​သို့ ​ရောက်​သွား​တော့ ထိုလူ​တွေက သူမ ကို ​ကျေးဇူးတင်​စကားဆိုလာကြ​လေသည်​။

"ဂျင်းနီကင်​ ​ကျေးဇူးပါဗျ ကျွန်​​တော်​ တို့ ဘာသာ ဆို အခုထိထွက်​နိုင်​ဦးမှာမဟုတ်​ဘူး...."

ထို​ကောင်​​လေးရဲ့ စကားကို T-shirt အ၀ါ က​လေးဝတ်​ထား​သော လူ က မ​ကျေမနပ်​ဖြင့်​ ဖြတ်​ကာ​ပြောလာ​လေသည်​။

"အဲတာ မင်း ​ကြောင့်​​လေ ဘယ်​နှယ့်​ကွာ တစ်​နာရီလုံးလုံး ထွက်​လမ်း​တောင် ရှာမ​တွေ့ ရတယ်​လို့!"

"အဲထဲဝင်​ဖို့ ဘယ်​သူအရင်​စ​ပြောတာလဲ​ပြော....!!!"

ဂျင်းနီ သူမ ​ရှေ့ က လူတစ်​စု က ရန်​ပွဲအ​သေးစား​လေးတစ်​ခု ကို စတင်​​တော့ မှာ ဖြစ်​​သော်​လည်း ထိုပြဿနာအား ဘာမှဝင်​ပါခြင်း မပြုဘဲ ပြုံးပြုံးက​လေးဖြင့်​ လက်​ပိုက်​ကာကြည့်​​နေ​တော့​လေသည်​။ဘေးက ချယ်​​ယောင်း ကလည်း သူမ နှင့်​ အလိုတူအလိုပါပင်​။ဝင်မတားသည့် အပြင်​ ​​သူမ ရဲ့ အနားနား ကပ်​ကာ အား​ပေးအား​မြှောက်​ပါ လာလုပ်​ သွား​သေးသည်​။

SHEWhere stories live. Discover now