46

521 50 5
                                    

Zawgyi

သူမ.........သူမ ဆိုတဲ့ နာမ်​စား​လေးက လီဆာ့ ရဲ့ ဘ၀ ထဲကို ဘယ်​အချိန်​မှာဘယ်​လိုဝင်​လာခဲ့လဲဆိုတာ မသိ​ပေမယ့်​ လီဆာ သတိထားမိတဲ့အချိန်​မှာ ပဲ ဂျင်းနီ ရဲ့ ပုံ​လေး​တွေက လီဆာ့ ရဲ့ ပုံဆွဲစာအုပ်​က​လေး​တွေထဲမှာ ​အပြည့်​ဖြစ်​လို့​နေ​လေသည်​။

ကျောင်းရဲ့ ပြတင်း​ပေါက်​ကို ​ငေးကြည့်​​နေတဲ့ ပုံ​လေး​တွေ.....သူမ နဲ့ ရန်​ဖြစ်​တဲ့အခါ ဖြစ်​သွားတတ်​တဲ့ ဂျင်းနီ ရဲ့ မျက်​နှာ အမူအရာ​လေး​တွေ.......သူမ ရဲ့ အိပ်​ခန်းက​နေ တစ်​ဆင့်​ ဖြတ်​မြင်​​နေရတဲ့ ဂျင်းနီ ရဲ့ လွတ်​လွတ်​လပ်​လပ်​ရယ်​​နေပုံ​လေး​တွေ စသည်​ဖြင့်​ ဂျင်းနီ ရဲ့ လှုပ်​ရှားမှုမျိုးစုံ​တွေကို ​ရေးဆွဲ​နေရတာက သူမ ရဲ့ ကိုယ်​ပိုင်​ဘ၀ ​လေးလိုဖြစ်​လို့​ လာ​နေ​လေသည်​။

ထိုခံစားချက်​​တွေကို ဒီတိုင်း သာမာန်​​လေးလို့ပဲ ထင်​ထားခဲ့​ပေမယ့်​ ဂျင်းနီ နဲ့ ရန်​ဖြစ်​တဲ့အခါ​တွေမှာ ဂျင်းနီ ရဲ့ အသံ​လေး​တွေက​တောင်​ သူမ ကို ရင်​ခုန်​သံမြန်​လာ​စေခဲ့တယ်​။

ဒါလည်း သာမာန်​ တိုက်​ဆိုင်​တာလို့ ​တွေးထင်​ခဲ့​ပေမယ့်​.....သူမ ရဲ့ ရင်​ခုန်​သံ​တွေကို အမှန်​အတိုင်းသိလာ​စေခဲ့တာက ​ကျောင်း​ပြောင်းလာခဲ့တဲ့ ဆူဂျင်း ဆိုသူကပင်​။

ဆူဂျင်း က သူမ ထက်​ပင်​ သူမ ရဲ့ ရင်​ခုန်​သံ​တွေကို တိကျ​သေချာစွာသိ​နေခဲ့​လေသည်​။နောက်​ပြီး သူ​ကျောင်း​ပြောင်းလာခဲ့ရတဲ့ အ​ကြောင်းက အရင်​​ကျောင်းမှာ ​ကောင်​​လေးနှစ်​​ယောက်​ကို တစ်​ခန်းထဲမှာ ပိတ်​ထားခဲ့၍ပင်​။

အဲကိစ္စက ဒီတိုင်းပြီးသွားသည်​မဟုတ်​ ထို​ကောင်​​လေးနှစ်​​ယောက်​ ရဲ့ သက်​ဆိုင်​တဲ့ ​ကောင်​မ​လေးနှစ်​​ယောက်​က သူမ ကို လာပြဿနာ ရှာသည်​ကို ​ပြေ​ပြေလည်​လည်​မ​ပြောဘဲ 'သူတို့ နှစ်​​ယောက်​ကို တွဲ​စေချင်​လို့​လေ ဘာဖြစ်​လဲ´ ဆိုတဲ့ စကားကိုပြန်​​ဖြေခဲ့ခြင်းပင်​။

သူမ ရဲ့ စကား​တွေကပဲ ကျိန်​စာတစ်​ခုလား ဒါမှမဟုတ်​ သူမ ကပဲအကြားအမြင်​ရ​နေတာလားမသိ သွမကြာခင်​တွင်​ ထို​ကောင်​​လေး နှစ်​​ယောက်​က တွဲသွားခဲ့​လေသည်​။

SHEWhere stories live. Discover now