41

335 49 2
                                    

Zawgyi

"ပတ်​ချယ်​​ယောင်း!!"

"ရှင်​!!!"

"ဟင်း...ဟင်း..."

ထိုဖြစ်​စဉ်​​မှာ စာသင်​ချိန်​တွင်​ ​သေမတတ်​ငိုက်​​နေ​သော ချယ်​​ယောင်း အား တီချယ်​ က မျက်​နှာထား​ဖြင့်​ အနည်းငယ်​ သတိ​ပေး​နေခြင်းဖြစ်​​လေသည်​။
ထို့​နောက်​ တီချယ်​ က ​ရှေ့သို့ ပြန်​လှည့်​သွားကာ သူ့ စာ ကို သူ ဆက်​သင်​​နေ​လေသည်​။

ယခုအချိန်​က colors ​တွေ​အ​ကြောင်းကို သင်​​နေတာဖြစ်​ပြီး ထိုအ​ကြောင်း​တွေက နဂို အိပ်​​ရေးပျက်​​နေ​သော ချယ်​​ယောင်း အဖို့ သား​ချော့​တေး​လေး သဖွယ်​ဖြစ်​​နေ​လေသည်​။

သို့​သော်​ သူမ အဆူခံလိုက်​ရပြီး​နောက်​တွင်​​တော့ ​သူမ ရဲ့ ​ပေါင်​​လေးကို နာ​နေ​အောင်​ ဆွဲဆိတ်​လိုက်​ပြီး မျက်​လုံးကြီးကိုပြူးလိုက်​ကာ တီချယ်​ သင်​​နေသမျှကို တစ်​လုံးမကျန်​ နားစိုက်​​ထောင်​​နေ​လေ​တော့သည်​။

ယ​နေ့ တွင်​​ ဂျင်းနီ က ဌာနမှူး ခိုင်းထား​သည်​မို့ အတန်းတွင်​ ရှိမ​နေ​​​သော​ကြောင့်​ ချယ်​​ယောင်း အဖို့ စာသင်​ချိန်​တစ်​ချိန်​မှာ တစ်​ကမ္ဘာမျှ ကြာမြင့်​သည်​ ဟု ခံစား​နေရ​လေသည်​။

ချယ်​​ယောင်း တစ်​​ယောက်​ ​​အတန်းချိန်​ပြီးသွား​တော့ သူမ သွား​နေကျ​နေရာဖြစ်​​သော ကန်​တင်း သို့သွားကာ ဂျင်းနီ အားထိုင်​​စောင့်​​နေလိုက်​​လေသည်​။

ချယ်​​ယောင်း milk tea တစ်​ခွက်​ကို ​သောက်​​နေရင်း ဖုန်းကြည့်​​နေစဉ်​ သူမ ရဲ့ ထိုင်​ခုံ​ရှေ့တွင်​ လူတစ်​​ယောက်​ လာထိုင်​​နေသည်​မို့ ​ထိုလူကို ကြည့်​လိုက်​​တော့ လီဆာ ပင်​။

လီဆာ က သူမ ထိုင်​​နေ​သော ၀ိုင်း,ကို ခွင့်​မ​တောင်း ဘာမ​တောင်းဖြင့်​ လာထိုင်​​နေသည်​မို့ ချယ်​​ယောင်း မျက်​​မှောင်​ကျုံ့သွား​လေ​တော့သည်​။

"အဟမ်း......အဟမ်း......"

ချယ်​​ယောင်း က လီဆာ့ အား ​ချောင်းဟန့်​ ကာ သတိ​ပေး​နေ​သော်​လည်း လီဆာ က​ ​တော့ သူမ ကို ဂရုမစိုက်​စွာ ဖုန်းကိုပဲ ကြည့်​​နေ​​လေသည်​။ထို့​ကြောင့်​ ချယ်​​ယောင်း တစ်​စုံတစ်​​ယောက်​ ကို ဖုန်းဆက်​​ခေါ်လိုက်​​လေ​တော့သည်​။

SHEWhere stories live. Discover now