33

311 47 2
                                    

Zawgyi

ဂျင်းနီ အိပ်​​နေရာကနိုးလာ​တော့ ကိုယ်​လက်​အ​ညောင်းဆန့်​ကာ ပြတင်း​ပေါက်​ရှိရာသို့ ကြည့်​လိုက်​​တော့ မြင်​လိုက်​ရ​သည့်​ မြင်​ကွင်းက သူမ ကို ​သွေးပျက်​သွား​စေ​လေသည်​။

ဂျင်းနီ လည်း လန့်​သွားသဖြင့်​ အဆမတန်​ ခုန်​​နေ​သော ရင်​ဘတ်​က​လေးကို လက်​နဲ့ဖိကာ သူမ အား ပန်​ဒါမျက်​လုံးများဖြင့်​ မှင်​​သေ​သေကြီး စိုက်​ကြည့်​​နေ​သော ချယ်​​ယောင်း အား စကားစလိုက်​​လေသည်​။

"နင်​ တစ်​ညလုံးမအိပ်​ဘူးလား??"

သူမ စကား​ကို ချယ်​​ယောင်း က ​ထောက်​ခံသည့်​ သ​ဘောဖြင့်​ ​ခေါင်းငြိမ့်​ပြ​လေသည်​။

"ဘာလို့လဲ အိပ်​ရာ စိမ်း​နေ​လို့လား??"

ဒီတစ်​ခါတွင်​​တော့ ချယ်​​ယောင်း က ​ခေါင်းခါပြကာ သူမ ကို စကားပြန်​​ပြော​လေ​တော့သည်​။

"ငါ စဉ်းစား​နေတာ"

".........."

"ညက ကိစ္စ​လေ........နင့်​ သူငယ်​ချင်း ဆိုတာ...."

"​အော်​....အင်း"

"အဲတာ က ဘယ်​လို​ပြောရမလဲဆို​တော့......."

ချယ်​​ယောင်း ရဲ့ ညလုံး​ပေါက်​စဉ်းစားထား​သော အ​ဖြေကြီးအား ဂျင်းနီ ​မျှော်​လင့်​တကြီး ​စောင့်​​နေလိုက်​​လေသည်​။

"ငါလည်း မသိဘူး....!"

မျှော်​လင့်​ချက်​တို့ကို ရိုက်​ချိုးခံရသွားသဖြင့်​ ကုတင်​​ပေါ်မှ ဆင်းကာ မျက်​နှာသွားသစ်​ရန်​ပဲ ဆုံးဖြတ်​လိုက်​​တော့သည်​။

"ဟုတ်​တယ်​​လေ ငါ က သူ မှ,မဟုတ်​တာ ဘယ်​လိုလုပ်​သိပါ့မလဲ....နင့်​ သူငယ်​ချင်း ဆိုတဲ့ သူ က လည်း သူ သိချင်​ရင်​ သူ့ဘာသာ သူ သွား​မေးပါ့လား အလကား​နေရင်း ငါ့ ကို ​ခေါင်းကိုက်​​အောင်​လာလုပ်​​နေတယ်​!"

'ငါ​ ​မေးမလို့ကို နင်​ လာရှုပ်​သွားတာ​လေ´

ဂျင်းနီ တိုးတိုး​လေး ​ရေရွတ်​လိုက်​​တော့ ချယ်​​ယောင်း က 'ဟမ်​´ ဟု ပြန်​​မေးလာသဖြင့်​.....

SHEWhere stories live. Discover now