42

311 40 0
                                    

Zawgyi

နောက်​တစ်​​နေ့ မနက်​တွင်​​တော့ ဧည့်​ခန်းထဲတွင်​ တစ်​​ယောက်​​ပေါ်တစ်​​ယောက်​ ​ခြေပစ်​လက်​ပစ်​ အိပ်​​နေကြ​သော လူများကို ​တွေ့​နေရ​လေသည်​။

ကံ​ကောင်း​ထောက်​မစွာဖြင့်​ ယ​နေ့ ​ကျောင်းပိတ်​​နေ​လေသည်​။မဟုတ်​လျှင်​ သူတို့ပုံစံက ​ကျောင်းမ​ပြောနဲ့ အိမ်​ပြန်​သွားကြရင်​​တောင်​ ရိုက်​​ပေါက်​ဖြစ်​​နေ​လေသည်​။

နေမြင့်​လာသည်​နှင့်​အမျှ တစ်​​စတစ်​စ ဖြင့်​ တစ်​​ယောက်​ပြီးတစ်​​ယောက်​ နိုးလာကြ​သော်​လည်း သန့်​စင်​ခန်း ကို လုသုံး​နေကြသည်​မှာ မပြီးနိုင်​မစီးနိုင်​ပင်​။

သူမ တို့ တိုက်​ခန်းတွင်​ သန့်​စင်​ခန်း သုံးခု ရှိ​သော်​လည်း လီဆာ က သူ့ အခန်းတံခါးကို ဖွင့်​မ​ပေးသည်​မို့ ကျန်​နှစ်​ခုဖြင့်​သာ လူအုပ်​ကြီးတစ်​ခုလုံးနှစ်​ပါးသွား​နေရ​လေသည်​။

သူမ တို့အားလုံး ရဲ့ အန်​ဖတ်​​​တွေအားလုံးကို စု​ပေါင်းလိုက်​လျှင်​ သူမ တို့ရဲ့ တိုက်​ခန်းပင်​ ပြည့်​လုနီးနီး ဖြစ်​နိုင်​​လေသည်​။

သို့​သော်​လည်း ဂျင်းနီ က​တော့ ကံ​ကောင်း​ထောက်​မစွာ အခုထိနိုးမလာ​သေးသဖြင့်​ တစ်​ခြားသူများနှင့်​အတူ သန့်​စင်​ခန်းကို မလုရ​​သေးဘဲ အန်​ဖတ်​တိုက်​ပွဲထဲလဲ မပါဝင်​ရ​သေး​ပေ။

ထိုအ​ခြေအ​နေက လွတ်​​မြောက်​သူ ဂျီဆူ က​တော့ ထိုအန်​ဖတ်​ လူသားများ စား​သောက်​ရန်​ အစားအစာများနှင့်​တကွ အမူး​ပြေဟင်းရည်​ ကိုပါ လုပ်​​ပေး​နေ​လေသည်​။

"ရား!.....​ဆောဂျီ​ယောင်း နင်​ အခုထိမပြီးနိုင်​​သေးဘူးလား.....မ​သောက်​နိုင်​ဘူးဆိုလည်း အစကတည်းကမ​သောက်​ဘဲ​နေ​လေ...!"

ချယ်​​ယောင်း ရဲ့ စကားကို ဂျီ​ယောင်း က လည်း ပြန်​လည်​​ပြောဆို​နေ​လေသည်​။

"နင်​လဲ အတူတူအနူနူ ပဲ​လေ.....အခုမှ လာပြီး တစ်​ပန်း မသာချင်​စမ်းနဲ့...!!!"

ထိုကဲ့သို့​သော ဆူညံသံ​တွေ​ကြောင့်​ အိပ်​​ပျော်​​နေ​သော ဂျင်းနီ နိုးလာခဲ့​လေသည်​။ဂျင်းနီ နိုးလာသည်​ကို မြင်​​တော့ ဂျီဆူ က ဂျင်းနီ နားကို သွားလိုက်​ကာ ဂျင်းနီ အား ဂရုစိုက်​​နေ​လေသည်​။

SHEWhere stories live. Discover now