59

219 26 0
                                    

Uni

"သူ အဆင်ပြေလား?"

ကိုယ့်ဒဏ်ရာတေွကိုတောင် ထည့်မတွက်ဘဲ တစ်ပါးသူအတွက် ပူပန်ပေးနေသော အမျိုးသမီးငယ်ကိုကြည့်ကာ black စိတ်ထဲ မကောင်းဖြစ်ရလေသည်။

"သူ အဆင်ပြေတယ်...."

"ဟက်....ကိုယ် အနားမှာ မရှိတော့ သူ ပိုအဆင်ပြေမှာပေါ့"

ဒဏ်ရာတေွကြားမှ ခနဲ့ပြံုးနှင့်ပြံုးလာသော မျက်နှာကလေးမှာ သူ့အတွက်တော့ တကယ်မြတ်နိုးစရာ။

"သူ့အဖေလက်ချက်လား?"

"ဟုတ်ပါတယ် boss"

black ရဲ့ ပြန်အဖြေကြောင့် သူမ ရဲ့ မျက်နှာပေါ်တွင် အပြံုးတစ်ချို့ဖြတ်ပြေးသွားေလသည်။ သို့သော် ထိုလှစ်ခနဲ ဖြတ်ပြေးသွားသော အပြံုးလေးတစ်ခုကိုတော့ သူမ အား အရိပ်တကြည့်ကြည့် ကြည့်နေတတ်သော black မမြင်လိုက်ခေျ။

"ဟိုကောင့်အခြေအနေ?"

"ကိုမာ အဆင့်လို့တော့သတင်းလွှင့်ထားပေမယ့် အခြေအနေမှန်ကို အခုထိ မသိရသေးပါဘူး"

"အင်း..."

"တောင်းပန်ပါတယ် ကျွန်တော်အရောက်နောက်ကျလို့...."

"မင်း ငါ့ကို မမုန်းဘူးလား"

"ဗျာ?"

"ထားလိုက်ပါ...မုန်းလည်းတတ်နိုင်မှာမဟုတ်သလို...ခွင့်လွှတ်မှုကလည်း ငါ တောင်းခံသင့်တဲ့အရာမှမဟုတ်တာ...ငါ စိုက်ပျိုးခဲ့တာကို ငါပဲရိတ်သိမ်းရမှာပေါ့...တန်ပါတယ်"

black တစ်ယောက် ဂျီဆူ ဆိုလိုချင်သော စကားတေွရဲ့ အဓိပ္ပါယ်ကို လံုးလံုးမျှနားမလည်ပေ။

"မင်း လည်း သွားနားတော့....ခဏနေရင် ပွဲတစ်ခုတက်စရာရှိတယ်..."

"boss ဒီအခြေအနေနဲ့....."

"ကျစ်...ငါ ရှည်ရှည်ဝေးဝေးမပြောချင်ဘူး black ငါ သွားမယ်ဆို သွားမယ်လို့ပဲမှတ်....အထွန့်တက်တာဘာညာငါမလိုချင်ဘူး"

"တောင်းပန်ပါတယ်...ကျွန်တော် ပြင်ထားလိုက်ပါမယ်"

ထိုစကားလံုးတို့နှင့်အတူ အခန်းပြင်ကိုထွက်ခွာသွားသော လူတစ်ယောက်ရဲ့ ကျောပြင်ကိုကြည့်နေရင်း သူမ ရဲ့ ပါးပြင်ထက်တွင် အနေွးဓာတ်တစ်ခု စီးဆင်းသွားခဲ့သည်။

SHEWhere stories live. Discover now