Chapter - 15

3.9K 374 222
                                    

Unicode
~~~~~~~~

ဧကရာဇ်မောင်နိုးထလာတော့ မိုးစင်စင်လင်းနေပြီ ။ ညကအလွန်အကျွန်လှုပ်ရှားခဲ့၍ တစ်ကိုယ်လုံးလဲနာကျင်နေပြီး ခေါင်းကလဲထိုးကိုက်လာသည် ။ ဦးနောက်ထဲမှာ ဗလာနက်ထိဖြစ်နေကာ မှတ်ဉာဏ်တွေတစ်ခုမှပေါ်မလာပေ ။

စိတ်ငြိမ်ငြိမ်ထားကာ တွေးကြည့်တော့မှ ကသစ်ပန်းရဲ့ မွေးနေ့ပါတီပွဲမှာ အရက်တွေအလွန်အကျွန်သောက်မိပြီးနောက် ဘာတစ်ခုမှ သတိမရတော့ပေ ။ အောက်ပိုင်းရဲ့ခံစားချက်က အားအင်ပြည့်ဝနေကာ ငြိမ်သက်စွာလဲလျှောင်းနေပြီး Rut ကာလနှင့်ပင်မတူနေပေ ။ အစာဝ၍ငြိမ်သက်နေသည့် နဂါးတစ်ကောင်ပမာပင် ။

" ညက ငါဘာဖြစ်ခဲ့တာလဲ "

တစ်စုံတစ်ယောက်နဲ့ ဆက်ဆံပြီးရလာတဲ့အငွှေ့အသက်တွေရှိနေပေမဲ့ သူ့ဘေးပတ်ပတ်လည်မှာ ဘယ်သူမှရှိမနေပေ ။ သေချာကြည့်တော့မှ ဧကရာဇ်မောင်ဟာ သူ့ရဲ့အခန်းတွင်းပြန်ရောက်နေမှန်းသိလိုက်ရသည် ။ ဘယ်သူကသူ့ကို အိမ်ကိုလာပို့သွားပြီး ညကဘာတွေဖြစ်ခဲ့လဲဆိုတာ မမှတ်မိတော့ပေ ။

စိတ်အာရုံတွေကြည်လင်သွားအောင် ရေချိုးဖို့အတွက် ရေချိုးခန်းထဲဝင်လာတဲ့အခါ သူရိုက်ခွဲထားတဲ့မှန်ကွဲစတွေက သိမ်းစည်းပြီးသားဖြစ်နေသည် ။ သူကိုယ်တိုင်ပဲသိမ်းစည်းလိုက်တာလား တစ်စုံတစ်ယောက်လာသိမ်းသွားတာလားဆိုတာ စဉ်းစားမရတော့ပေ ။

ရေမိုးချိုးနေစဉ် ခန္ဓာကိုယ်တစ်လျှောက်ပွတ်သပ်နေရင်း Rut ဖြစ်နေစဉ်က တစ်စုံတစ်ခုနဲ့ သူ့ခန္ဓကိုယ်ဟာ ယှက်နွယ်လျှက် အလွန်ကောင်မွန်တဲ့ခံစားချက်တွေဖြစ်ပေါ်လာစေသည့် ဆက်နွယ်မှုမျိုး ပြုလုပ်ခဲ့တာကို တဖြေးဖြေးပြန်မြင်ရောင်လာသည် ။ ထိုလူရဲ့ကိုယ်ကိုလဲ ကိုက်ခဲ့သေးသည် ။ ဒါပေမဲ့ဘယ်သူလဲဆိုတာ မသဲမကွဲဖြစ်နေသည် ။

" ကုမုဒြာလား "

ကုမုဒြာရဲ့ပုံရိတ်တွေတဖြေးဖြေးပေါ်လာပြီး သူ့အိမ်မက်ထဲကနဲ့ ဆင်တူတဲ့ မြင်ကွင်းတွေကိုသတိရလာသည် ။ ဧကရာဇ်မောင်က သူ့ခေါင်းသူ ရိုက်ထုလိုက်ရင်း ထိုအိမ်မက်ကနေ ရုန်းမထွက်နိုင်သေ၍ မြင်ယောင်နေမိခြင်းဟု ထင်မှတ်လိုက်သည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now