Chapter - 15

15.9K 964 257
                                    

ဧကရာဇ်မောင်နိုးထလာတော့ မိုးစင်စင်လင်းနေပြီ ။ ညကအလွန်အကျွန်လှုပ်ရှားခဲ့၍ တစ်ကိုယ်လုံးလဲနာကျင်နေပြီး ခေါင်းကလဲထိုးကိုက်လာသည် ။  နိုးထလာစမို့ ဦးနောက်ထဲမှာ ဗလာနက်ထိဖြစ်နေကာ မှတ်ဉာဏ်တွေတစ်ခုမှပေါ်မလာပေ ။

စိတ်ငြိမ်ငြိမ်ထားကာ တွေးကြည့်တော့မှ ကသစ်ပန်းရဲ့ မွေးနေ့ပါတီပွဲရောက်နေတာကို သတိရသွားပြီး အရက်တွေအလွန်အကျွန်သောက်မိပြီးနောက် ဘာတစ်ခုမှ သတိမရတော့ပေ ။ သူ့ရဲ့ခန္ဓာကိုယ်တော့ အစာဝနေသည့် မြွေတစ်ကောင်လို အားအင်ပြည့်ဝကာ တည်ငြိမ်နေပြီး Rut ကာလနှင့်ပင်မတူနေပေ ။

" ညက ငါဘာဖြစ်ခဲ့သေးလဲ "

တစ်စုံတစ်ယောက်နဲ့ ဆက်ဆံပြီးရလာတဲ့အငွှေ့အသက်တွေရှိနေပေမဲ့ သူ့ဘေးပတ်ပတ်လည်မှာ ဘယ်သူမှရှိမနေပေ ။ သေချာကြည့်တော့မှ ဧကရာဇ်မောင်ဟာ သူ့ရဲ့အခန်းတွင်းပြန်ရောက်နေမှန်းသိလိုက်ရသည် ။ ဘယ်သူကသူ့ကို အိမ်ကိုလာပို့သွားပြီး ညကဘာတွေဖြစ်ခဲ့လဲဆိုတာ မမှတ်မိတော့ပေ ။

စိတ်အာရုံတွေကြည်လင်သွားအောင် ရေချိုးဖို့အတွက် ရေချိုးခန်းထဲဝင်လာတဲ့အခါ သူရိုက်ခွဲထားတဲ့မှန်ကွဲစတွေက သိမ်းစည်းပြီးသားဖြစ်နေသည် ။ သူကိုယ်တိုင်ပဲသိမ်းစည်းလိုက်တာလား တစ်စုံတစ်ယောက်လာသိမ်းသွားတာလားဆိုတာ စဉ်းစားမရတော့ပေ ။

ရေမိုးချိုးနေစဉ် ခန္ဓာကိုယ်တစ်လျှောက်ပွတ်တိုက်နေရင်း Rut ဖြစ်နေစဉ်က တစ်စုံတစ်ယောက်နဲ့ ခန္ဓာကိုယ်ချင်း ယှက်နွယ်ကာ အလွန်ကောင်မွန်တဲ့ခံစားချက်တွေဖြစ်ပေါ်လာစေသည့် ဆက်နွယ်မှုမျိုး ပြုလုပ်ခဲ့တာကို တဖြေးဖြေးပြန်မြင်ရောင်လာသည် ။ ထိုလူရဲ့ကိုယ်ကိုလဲ ကိုက်ခဲ့သေးသည် ။ သူ့ရဲ့ဖယ်ရိုမုန်းတွေဟာ တစ်စုံတစ်ခုနဲ့ယှက်နွယ်မှုပြုပြီးသွား၍ အလွန်တည်ငြိမ်နေမှန်း သိသာလှသည် ။ ဒါကအိုမီဂါတစ်ယောက်နဲ့ မိတ်ဖတ်ပြုလုပ်ပြီးတဲ့ ခံစားချက်မျိုးပဲ ။ ဒါပေမဲ့သူက ဘယ်သူလဲဆိုတာ မသဲမကွဲဖြစ်နေသည် ။

" ကုမုဒြာလား … ဒါပေမဲ့ သူ့မှာအမှတ်အသားရှိနေပြီးသား … ငါသူ့ကိုအမှတ်အသားပြုလုပ်မိရင်တောင် အသုံးမဝင်ဘူး … သူ့နဲ့ငါက ဆက်နွယ်မိဖို့မဖြစ်နိုင်တော့ဘူး … ငါက သူ့မိတ်ဖတ်နေရာအစားထိုးလို့ပဲရမယ် သူ့ရဲ့မိတ်ဖတ်ဖြစ်လာနိုင်မှာမဟုတ်ဘူး "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now