Chapter - 16

3.6K 396 217
                                    

Unicode
~~~~~~~~

ကသစ်ပန်း အိမ်တော်မှာလာနေတဲ့နေ့ကတည်းက ဦးလေးမြတ်ကသဘောမကျပေမဲ့ သူဟာအစေခံခေါင်းစောင်တစ်ယောက်သာဖြစ်၍ မိမိတာဝန်ထန်းဆောင်ယုံကလွဲပြီး ဘာမှဝင်မပြောနိုင်ခဲ့ပေ ။ သခင်လေးတို့ကို အကြောင်းကြားချင်ပေနဲ့ သခင်ကြီးနဲ့သခင်လေး အနားယူနေကြတာကို နှောက်ယှက်မိမှာလဲကြောက်ရသည် ။ သခင်ကြီးထွက်မသွားခင်အချိန်ထိတော့ အရာအားလုံးကို သည်ခံဖို့ဆုံးဖြတ်လိုက်သည် ။

ကသစ်ပန်းက ဧကရာဇ်ရဲ့လုပ်ငန်းပရော့ဂျက်တွေကို ဖခင်ထံသတင်းပို့ပြီး ဧကရာဇ်ဆက်သွယ်သမျှလူတွေကို ဖျက်စီးခိုင်းသည် ။ ဧကရာဇ်အခက်အခဲကြုံရတော့ သူမကဝင်ကူညီကာ ဧကရာဇ်သူမရဲ့ကျေးဇူးတရားတွေကနေ ရုန်းမထွက်နိုင်အောင် ချည်နှောင်ထားသည် ။ ကုမုဒြာလို ဟော်မုန်းနဲ့ချည်နှောင်ခွင့်မရတော့ သူမတတ်ကြွမ်းသည့်အရာနဲ့ ဧကရာဇ်မောင်ကိုချုပ်ကိုင်ဖို့ကြိုးစားသည် ။

ခုဆို ဧကရာဇ်မောင်ရဲ့ အိမ်တော်က အစေခံတစ်ဝက်လောက်က သူမခန့်အပ်ထားတဲ့လူတွေဖြစ်နေပြီး ဦးလေးမြတ် သူမအကြံတွေကိုသိပြီးနှောက်ယှက်လာတဲ့တစ်နေ့ ရှင်းထုတ်ပြစ်ဖို့ပါ တွေးထားသည် ။ ခုတော့ သူမရဲ့လိမ္မာပါးနပ်မှုကြောင့် ကြာပန်းဖြူလေးအသွင် ရှိနေသေးသည် ။ ဒါ့အပြင် ဧကရာဇ်မောင်ထံချည်းကပ်ကာ ကုမုဒြာနေရာအစားဝင်နိုင်ဖို့ကြိုးစားနေသည် ။

မနက်တိုင်း ဧကရာဇ်မောင်အလုပ်မသွားခင် အဝတ်အစားပြင်ပေးပြီး မနက်စာအဆင်သင့်လုပ်ထားသည် ။ သူမကကိုယ်တိုင်မချက်ပြုတ်တတ်၍ အကောင်းဆုံးစားဖိုမှူးငှားကာ ဧကရာဇ်မောင် ကုမုဒြာရဲ့လက်ယာကိုမေ့သွားစေဖို့ ရည်ရည်ပြီး နေ့စဉ် သူမချက်သလိုဟန်ဆောင်ကာပြင်ဆင်ပေးသည် ။

" မောင် … မနက်စာစားပြီးမှ အလုပ်ကိုသွားရအောင် "

ဧကရာဇ်မောင်ကတော့ ကသစ်ပန်းကို အလုပ်မှာလဲသူ့ကိုကူညီရ အိမ်တော်မှာလဲဂရုစိုက်ပေးနေရတာကြောင့် သနားနေသည် ။ ဒါကြောင့် သူမပျော်ရွှင်အောင် စိတ်ကြိုက်နေဖို့ အစေခံတွေကို သူမခိုင်းသမျှလုပ်ပေးဖို့ ကုမုဒြာမရှိခင် သူမကိုယ်တိုင်အစေခံတွေရဲ့အလုပ်ကို ခန့်ခွဲနိုင်တဲ့အထိ အခွင့်အရေးပေးထားသည် ။ ဒါဟာအိမ်တော်တစ်ခုမှာ အိမ်ရှင်မတွေသာ ပိုင်ဆိုင်သင့်ရဲ့ ရာထူးဖြစ်သည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now