အဖွဲ့မှူး ....ဆရာက ..ခဏ လာတွေ့ပါတဲ့
အော် အေး ညီမ ..အစ်ကိုသွားတွေ့လိုက်ပါ့မယ်...ဒေါက်~ ဒေါက်...
"ဆရာ ...."
"အော်ကောင်းပြည့် ဝင်ခဲ့လေ..."" ဟုတ်ကဲ့ပါ ဆရာ... ကျွန်တော် ကိုခေါ်တာ ဘာများလဲမသိဘူးဗျ ..."
"အော်...ဒီလိုရှိတယ် ...မနက်ဖန် ဆရာတို့ရုံးကို ရန်ကုန်ရုံးချုပ်က ဒုဥက္ကဌကိုယ်တိုင် လာပြီး စစ်ဆေးမယ်တဲ့ ...အဲ့ဒါ ဆရာတို့ အဆင့်သင့်ဖြစ်ပြီလား ဘာလိုအပ်လဲ ဆရာ ဘာလုပ်ပေးရအုံးမလဲ ..."
"ဟုတ်ကဲ့ဗျအားလုံးအဆင်သင့်ဖြစ်ပါပြီဆရာ ...ကျွန်တော့်အဖွဲ့ဝင်အားလုံးကိုရော ကျွန်တော် ပြောထားပြီပါပြီ ခုစစ်လက်စဖိုင်တွေကလွဲကျန်တာ အသင့်ဖြစ်ပါပြီဆရာ..."
"အေး အေး ကြိုးစားထား ကောင်းပြည့် ဆရာမြေးလေးရော နေကောင်းတယ် ဟုတ်လား ...ဖိုးသားလေးကို သတိရတယ်ကွာ ...ငါလည်းအိမ်ရောက် အပြီးသေးတဲ့အလုပ်ဆက်လုပ်နေရလို့ ဖိုးသားလေးကိုလာမတွေ့နိုင်ဘူးကွာ။ နောက်နေ့ ဖိုးသားလေးဆီ လာတွေ့ပြီးချော့ပါ့မယ် စိတ်မကောက်နဲ့ပြောပေးနော် "
"ဟုတ်..ဟုတ်ကဲ့ပါဆရာ..ကျေးဇူးပါ ..ကျွန်တော်တို့သားအဖ ဆရာကျေးဇူးကိုမမေ့ပါဘူးဆရာ "
လက်အုပ်ချီလျှက် ကျွန်တော်ဆရာကို ကျေးဇူးတင်မိသည်။ ကျွန်တော် ဘဝတစိတ်တစ်ပိုင်းမှာဆရာက ကူညီပေးခဲ့ရာကနေခုထိ အဆင်ပြေပြေနေရသည်။ ဆရာမိဘတစ်ယောက်သဖွယ်ပါ အားကိုးရပါသော ဆရာတို့သားအဖ ရယ်ပါ။
"မလိုပါဘူးကောင်းပြည့်ရာ ငါက ဘာမှမလုပ်ပေးရသေးပါဘူး ...မင်းဆိုတာကလည်း ငါတို့ကိုကျေးဇူးတင်တယ်ဆိုတာကြီး..."
ပြုံးလျှက်သာ ပြောနေမိတယ်။ လူလိမ်မာလေးမို့ ကျေးဇူးတရားတန်ဖိုး အရွယ်ငယ်ငယ်နဲ့ သိပ်နားလည်ရှာသည်။ "ကံကောင်းခြင်းတွေ မင်းတို့သားအဖ အပေါ် ကျရောက်မှာပါ အားတင်းထားကြပါလို့ " နူတ်ကထုတ်မပြောမိပေမယ့် ရင်တွင်းတစ်နေရာကနေ ဆုတောင်းမိ၏။ ကလေးတွေ အေးချမ်းပါစေ၊ ပူပင်သောက ကင်းဝေးပါစေ။
"ဟုတ်ဆရာ...ဒါဆို ကျွန်တော် အလုပ်သွားလုပ်ပါရစေဆရာ လုပ်လက်စလေးရှိလို့...."
"အော် အေး....အေး..."

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...