အပိုင်း (၆၂)

11.9K 664 38
                                    

စောင့်နေသောသူ ရောက်လာသည်မို့ စားစရာ ချဖို့ပြင်ဆင်နေသော ဘေးနားက waiters အား စားစာရာ ချပေးရန် အချက်ပြပေးမိသည်။  အရွယ်ရောက်သော လူနှစ်ဦး တွေ့ဆုံမူသည်ကား  စားပွဲပေါ် စားစရာ၊ သောက်စရာ အပြည့် ဖြင့် လှပသော ညနေခင်းဖြစ်သင့်သည် ။သ်ို့သော်လည်း သူနှင့်ကိုယ်သည်ကား ရင်းနှီးသော မိတ်ဆွေများမဟုတ်ခဲ့ကြ ၊ သူ့ချစ်သော ကောင်လေး  ကိုယ်မြတ်နိုးသော ကောင်လေးနှင့်ပတ်သတ်သော ထိရောက်စေမယ့် ဆွေးနွေးမည့်စကားဝိုင်းသည်ကား ကိုယ်ဆီအလုပ်အားသော နေ့လည်ခင်း စားသောက်ချိန်ဖြစ်ခဲ့သည်။

ရင်းနှီးမူကို ပြသသော စကားတချို့နူတ်ဆက်အပြီး ကိုယ်ဆီက စကားသံကို စောင့်ဆိုင်းနေသည့် အမူအရာ တစ်ချို့ကြောင့် ဒီစကားဝိုင်းကို ကိုယ်ကသာ ဦးဆောင်ခဲ့ရပြန်သည်။ ကောင်းသော တွေ့ဆုံခြင်းဖြစ်ဖို့အတွက် ပြောသင့်တာ ပြောပြီး ၊ တောင်းဆိုသင့် တာ တောင်းဆိုရမည် ။ 

" ဒေါက်တာ ပြောစရာ စကားက သားငယ်တို့နဲ့များ သက်ဆိုင်နေမလား မသိဘူးဗျ"

သိချင်ရာကို လိုချင်သော အဖြေ ရဖို့အရေး သေသပ်သော စကားတချို့ကို ရွေးသုံးမိရင်း အဖွင့်နိဒါန်း စကားပြောမိသည်။ တည်ငြိမ်သော ကိုယ်နေဟန်၊ ရိုးရှင်းတည်ကြည်သော မျက်နာအကျ မို့ ဒေါက်တာတည်မြဲသည်ကား  မိန်းကလေးတွေအဖို့ အားကျအတုယူဖွယ် Idol type မို့ မြင်သူငေးနေမည့် ဒေါက်တာတည်မြဲပါလေ ။ ဒီလို ဒေါက်တာဆီမှာကိုယ့်ကလေးငယ် မနှစ်မျော မိတာ ကျွန်တော့်အတွက် ကောင်းသော မဂ်လာတစ်ခုဟုသတ်မှတ်ပြီး ကလေးငယ်ကို ပို၍ ကျေးဇူးတင်မိသည်။

" ဟုတ်တယ် ကောင်းပြည့်တို့သားအဖ နဲ့ဆိုင်နေတယ် ဆိုရမှာပဲ ဒီက CEO က ကောင်းစစ် ဖခင်ဆိုတာ သိပြီးသားပါ ခုကျွန်တော်ပြောမယ့် စကားတွေကို အလေးအနက်ထားပြီး စဉ်းစားပေးစေချင်တယ်"

" ရဲရင့်လို့ပါခေါ်ပါ ဒေါက်တာ ၊ ဒေါက်တာပြောမယ့်စကားတွေက သားငယ့်အဖေကို မတောင်းရင် ရပါပြီ ၊ သားငယ့် အဖေကလွဲ ကျန်တာ အကုန် အဆင်ပြေစေရပါ့မယ် "

ကျားနှင့်ဆင် လယ်ပြင်မှာ တွေ့သလို ခွန်အားကြီး လူနှစ်ဦး ၏ ပြောစကားတစ်ချို့သည်ကား မည့်သည်ကို ရည်ရွယ်မှန်း သိကြသလို တိုက်စစ်နှင့်ဖွင့်၍ ခံစစ်က ကြိုတင် စည်းချထားပြီးသားဆိုတာ ဖော်ပြပြီးသားဖြစ်နေသည် ။ ကြိုတင်မျှော်လင့်ပြီးသား အဖြေမို့ ကောင်းစစ်တို့သားအဖ ပျော်ရွှင်ရမှာပါ ၊ ငါ့လုပ်ရပ်မှန်ကန်မှာပါဟု ကိုယ့်ကိုကိုယ် တွန်းအားပေး၍ စကားစစ်ထိုးပြောရအုံးမည်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now