အပိုင်း(၄၆)

12.8K 705 16
                                    

***အမှန်တရား၏တန်ပြန်မူ***

" ကောင်းပြည့်....ခေါင်းကိုက်နေတာ ကြာပြီလား ၊ ဘယ်ဆရာဝန်နဲ့ပြလဲ ဘာဆေးတွေသောက်နေလဲ အစ်ကိုသိရမှာ ဖြစ်မယ်"

"အာ...သက်သာပါပြီအစ်ကိုရ ၊ သားသားက ကလေးမို့ လျှောက်ပြောနေတာပါ အစ်ကိုစိတ်မပူပါနဲ့၊  ကျွန်တော်အဆင်ပြေပါတယ်"

' စိတ်ပူတယ်ကောင်းပြည့်၊ အစ်ကို မင်းတို့သားအဖကို ဘယ်လိုသဘောထား ကောင်းပြည့်သိပါတယ်၊ ဒီနေရာကနေ ဖြည့်စွက်ကူညီပေးခွင့်ရတာနဲ့ အစ်ကို ကျေးဇူးတင်နေပြီ"

ဘယ်ဟုတ်ပါ့မလဲ ၊ အစ်ကိုက အစ်ကို့မိသားစုကို ကာကွယ်တဲ့သဘောပါ။ အစ်ကို့ချစ်မြတ်နိုးရတဲ့သူတွေကို စောင့်ရှောက်နိုင်ဖို့ ဒီဆေးပညာကို သင်ကြားခဲ့တာ ပထမရည်ရွယ် ချက်ပေါ့။ ခုတော့ ကိုယ်မြတ်နိုးရတဲ့လူသားတွေ ကိုကာကွယ်စောင့်ရှောက်နိုင်လို့ ကိုယ် စိတ်အဆင်ပြေနေပါပြီ။ မပိုင်ရပေမယ့် ချစ်တယ် ကောင်းပြည့်၊ အစ်ကို့အချစ်က ဖြူစင်ပါတယ်ဆိုတဲ့ ပေးဆပ်ခြင်းနည်းနဲ့ ချစ်တာ ယုံပေးပါ။

" အစ်ကိုပြန်ရင် ကျွန်တော်တို့သားအဖ လိုက်ခဲ့ရင် အစ်ကိုဒုခများနေမလား ဗျ၊ သားသားက ပါတော့အစ်ကို မိဘတွေနဲ့ ပိုအားနာမိတယ် ရန်ကုန်အထိပါပဲ ဟိုကြရင်ကျွန်တော် အရင်နေခဲ့ဖူးတဲ့ အဆောင်ရှိတယ်ဗျ"

" No....အစ်ကိုလက်မခံဘူး ကောင်းပြည့်၊ ဒီအစ်ကို တစ်ယောက်လုံးက မင်းတို့သားအဖကို အပြင်အဆောင်မှာ ထားရမတဲ့လား၊ ဒီစကားသာ ဧကရီသိရင် သူ့ဘယ်လောက်စိတ်ထိခိုက်ရှာမလဲ "

"ဟုတ်အစ်ကို ၊ ကျွန်တော်တို့အတွက် ဒုခများမှာစိုးရိမ်လို့ပါ "

"အပြီးနေမလား ၊ စိတ်မရှိနဲ့ ညီအစ်ကိုလိုပဲ ကိုယ်က မေမေတို့နဲ့မနေဘူးလေ ၊ သီးသန့်Condo မှာပဲ အလုပ်နဲ့နီးတယ်၊ ဒါနဲ့ ကောင်းပြည့်ရန်ကုန်မှာ ဘယ်လောက်ကြာကြာနေမလဲ ၊ တခြားအစီအစဉ်တွေ ရှိသေးလား "

" ကျွန်တော် မမ မဂ်လာဆောင် ပြီးရင် နယ်မြို့ကို ပြန်မယ်အစ်ကို ၊ ပြီးမှ သားသားကျောင်းတက်ဖို့ စဉ်းစားမလားလို့ပါ"

ချစ်ခြင်းတို့အလွန် Where stories live. Discover now