အပိုင်း(၈)

12.2K 673 1
                                    

"ငါနာမည် ငြိမ်းအေးသော်တာပါ ငါ နင်တို့နဲ့ခင်လို့ရမလား "
" မရဘူး"
" အယ်..မဟုတ်"

ဝင်းထက်က အဲလိုပဲ လာခင်တဲ့သူ မှန်သမျှ ငြင်းလွတ်ရမှာ သူ့Duty ။တနေ့က စီနီယာ အစ်ကိုကြီးက မိတ်ဆွေဖြစ် အနေနဲ့ canteen လိုက်ခဲ့ပါ့လား ပြောတာကို..ငတ်နေတဲ့သူမဟုတ်ဘူးတဲ့လေ။ ကဲ့ကြည့် ဘယ်လောက်ရိုတ်ပေါက်လဲ ..ကိုယ်လည်းစကားတခွန်းမှမဟရဲဘူး သူ့နောက် ခပ်ကုတ်ကုတ်လိုက်ရတာရယ်။ မင်းစိုးရိမ်နေတာ ငါအတွက်ဆိုတာ သိပါတယ်ကွာ..ကျေးဇူးပါဝင်းထက်ရယ်..

"ငါက နင်ကိုပြောတာမဟုတ်ဘူး၊ ကောင်းပြည့်ကိုခင်ချင်တာ.အလကားအူပုတ်နေတာ"
"ကောင်းပြည့်လည်းမရဘူး၊ ဘာမှမရဘူး ..အဲလောက်စျေးမပေါဘူး ..ဒါပဲမဟုတ်လား
သွားမယ်ကောင်းကောင်း"

"ဝင်းထက်ရယ် အားနာစရာ .ဟိုကမိန်းကလေးလေ..ရှက်မှာပေါ့"
"ရှက်တက်ရင် မသိတဲ့ယောကျာ်းလေးတစ်ယောက်ကို လာရောမှမဟုတ်ဘူး ငကောင်း"

"ရော် ..ခက်ပြီ နက်ဂတစ် ဗျူဝါ ကြီးနဲ့တော် အဟိ"
"တော်ပြီ ပေါက်ကရ ထွက်မနေနဲ့..ငါမသိဘဲ ဘယ်သူမှမခင်ရဘူးနော် ငကောင်း"
"အေးပါဟဲ့..အေးပါ"

ဟွန်းမပြောလိုက်ချင်ဘူး တကတည်းမှ ...တက္ကသိုလ်ဘဝ ပျော်စရာ ရည်စားထားရမှတ်တယ်။သူငယ်ချင်းက အဖေထက် ပိုဆိုးနေရော်လား ။

ကျောင်းပိတ်ရက် ညနေ့ခင်း တစ်ခု ကျွန်တော်တို့အဆောင်ရှေ့ အစ်ကိုရဲရင့်ကိုတွေ့မိတယ်။ သူကဒီကိုဘာလာလုပ်တာ ၊ တခြားအခန်းက အသိတွေဆီ လာတာလား။မသိပါဘူး ငါနဲ့မှမဆိုင်တာ ဟူး။ ကြောက်တာလား ၊ ရင်တုန်တာလားမပြောတက် ကိုရဲရင့်နဲ့ မျက်လုံးချင်းစုံရင် တကယ် ခြေတုန်လက်တုန်။ ဘယ်လိုဖြစ်နေတာမှန်းကိုမသိတာ။ အဆာပြေမူန့်ဝယ်ချင်လို့ ဝင်းထက်ခေါ်မရတာနဲ့ ထွက်လာမိတာ မှားတာပဲ ။

"ကလေး..."
"ဗျာ..ကျွန်တော်..ကျွန်တော် နာမည် ကောင်းပြည့်ဝေလျှံပါဗျ..ကလေးမဟုတ်.."

"ကိုယ့်အတွက်ကတော့ ကလေးပဲ၊ ခုဘယ်သွားမလိုလဲ အဖော်မပါဘူးလား?"
"မူန့်..မူန့်ဝယ်..ထွက်လာတာဗျ...သွားတော့မယ်ဗျ"

ချစ်ခြင်းတို့အလွန် Where stories live. Discover now