အပိုင်း (၇)

12.7K 731 2
                                    

မားကို ကျွန်တော်တို့မိသားစုပိုင် HANTHAR GROUP  လက်အောက်ခံ ဆေးရုံတစ်ခုမှာ စစ်ဆေးခဲ့သည်။ ။ စိတ်ထိခိုက်မူ နဲနဲကြုံတွေ့ရလို့  ဖြစ်တယ်ဆိုတာရယ်၊ စိုးရိမ်စရာမရှိကြောင်း မိသားစုကို နာမည်ရ Professor တွေက ဖြေကြားခဲ့သည်။ မား ပြန်လည်ကောင်းမွန်ဖို့ လိုတာပါ။

ကိုကြီးက ပိုတည်ငြိမ်လာတယ်စကားနည်းသွားတယ် ပိုပြီး။ အိမ်ထိန်းတော်ကြီးမေးတော့လည်း သိပ်ဖြေချင်ပုံမရဘူး။ ကျွန်တော်ဘာသာ တခုခုကိုသိရရင် အကုန်လုံး မလွယ်ဘူးမှတ်ထားကြ။
မားအိမ်တော်ပြန်ရောက်ပြီး မကြာမှီ ကိုကြီးက အလုပ်ကိစ္စနဲ့ ပြင်ပကိုနှစ်အနည်းငယ်သွားပါ​ရစေတဲ့။ အပါးက သဘောတူပေမယ် မားက ဘာမှတော့ဝင်မပြော ၊ မျက်နှာပျက်တာတော့ ကျွန်တော်သတိထားမိတယ်။ စိတ်ချပါကိုကြီး မားကိုဘယ်အရာကထိခိုက်စေသလဲ ငါရှာဖွေပြီး ဖြေရှင်းမှာပါ။

ကိုကြီးထွက်သွားတဲ့နောက်ပိုင်း အိမ်တော်မှာ တိတ်ဆိတ်ဆဲ၊ မားကအရင်လို မလန်းဆန်း တခုခုကို နောင်တရနေသလိုမျိုး။

" သားငယ် ခဏ လာအုံး ပါးတို့စကားပြောရအောင်"
" သားအလုပ် အဆင်ပြေလား ၊ သား Condo ပြောင်းဖို့ ပါးဘာကူညီပေးရအုံးမလဲ"

"ဟုတ်ကဲ့အပါး လိုအပ်မူမရှိပါဘူး၊ သား ကိုလင်းကို ခေါ်သွားမယ်နော် သားရဲ့ secretary အဖစ် ပေါ့"
"သားသဘောလေ..ကိုလင်းက စေ့စပ်သေချာတော့ အပါးစိတ်ပူရနည်းတာပေါ့၊ တစ်ခုဆို ပါးကိုသူငယ်ချင်းတစ်ယောက်လို၊ အစ်ကိုလို၊ အဖေ လိုတိုင်ပင်ရင်ဖွင့်နိုင်တယ်ဆိုတာ မမေ့နဲ့သား"

"ဟုတ်ကဲ့ပါ အပါး..သား အလုပ်ကို သေချာလုပ်ပါ့မယ်..အပါးယုံကြည့်ရတဲ့သူဖြစ်အောင်လည်းကြိုးစားပါ့မယ် ပါး .ကိုစိတ်မပျက်စေရဘူးလို့တော့ အာမခံနိုင်ပါတယ် ဒါပေမယ်.."

"ဟား...အပါး ကလေးတွေက ဆယ်ကျော်သက်မှမဟုတ်တာ လူငယ်ကိစ္စ ပါး ဝင်မပါပါဘူးကွာ၊ သားမားကိုလည်း စိတ်ချနော်"
" သား တစ်ပတ် တခါ ပြန်လာပါ့မယ့် ကတိပေးပါတယ်အပါး"

မားမားက အံ့ဩထိတ်လန့်မှာသိတယ်..ကိုကြီးက အဝေးမှာ..ကျွန်တော်ကပါ အိမ်တော်ကထွက်ရင်..မားမားခံစားနေရမှာကိုသိတယ်။ သားလုပ်စရာရှိလို့ပါ မားမားနှင့်ကိုကြီးကို ပြန်အဆင်ပြေအောင်လုပ်ပေးနိုင်မယ် ထင်လို့ပါ။ မားမားကိုတောင်းပန်ပါတယ်..အပြင်မှာနေရမှ ဖြစ်မှာမို့ပါ။ ရည်ရွယ်ချက်တွေ အောင်မြင် ရင် မားမားစိတ်တိုင်းကျ ဖြစ်စေရမယ်..

ချစ်ခြင်းတို့အလွန် Where stories live. Discover now