အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)

17K 626 41
                                    

(2023 နှစ်သစ်မှစ မိသားစုနှင့်အတူ ပျော်ရွှင်စရာအချိန်တွေပိုင်ဆိုင်ပါစေ )

ကိုယ့်မျက်နှာပေါ် သွယ်ယှက်ကိုင်ထားသော သူ့လက်ဖဝါးကြီးတွေကို ဖယ်ရှားလိုက်တော့ ကိုယ်လက်နှစ်ဖက်ကို အသာဆုပ်ကိုင်ပြီး ရုတ်တရက်ဆွဲဖက်လိုက်တော့ သူ့ရင်ခွင်ကျယ်ထဲ အလိုက်သင့်ကျသွားသည်။

သူ့ရင်အုပ်ကျယ်ကို မျက်နှာမူ၍ တင်းကျပ်နေအောင် ဖက်ထားခံထားရသည့်ကိုယ်က သားငယ်အလားထင်မှတ်လောက်အောင် ရုန်းမရ၊ ဖယ်မရ ၊ ထုမရ ၊ ထောင်းမရ ..လွတ်ပေးဖို့ မော့အပြော... ။

နီးကပ်ကြလာသော သူ့နူတ်ခမ်းထူထူတွေက မော့ပြောမည့်ဆဲဆဲကိုယ့်မျက်နှာအနှံ့ ကူးလူးလှော်ခတ်ပြီး နေရာအနှံ့ အနမ်းမိုးခြွေလျှက်။ ဘယ်ဘက်ကိုရှောင်တော့ ဘယ်ဘက် နားထင်ပေါ်ကျရောက်လာသော ခပ်နွေးနွေးအနမ်းတို့ကြောင့် တစ်ကျော့ပြန်ခုန်လူပ်လာသောရင်ခုန်သံကို ထိုလူမကြားအောင်ထိမ်းချုပ်ရင်း။

" အင့်....ဖယ်ပေးတော့ ."

"ကိုယ် နမ်းမဝသေးဘူး သဲရယ်"

" အွင့်...အွင်း....."

သူ့မျက်နာအနှံ့နမ်းရိူက်လို့ မော့ချီပြီး ဆူငေါက်ရန်တာဆူနေသော အမျိုးသားလေးကို လွမ်းခဲ့ရသမျှ အတိုးကျကာ အနမ်းခြွေလိုက်သည်။

ပျားရည်အရသာချိုအီလှသော သူ့နူတ်ခမ်း ဖူးဖူးလေးထက်ဝယ် ဝတ်ရည်စုပ်ယူ မိတော့ အတင်းအကြပ် ကာကွယ်ယူနေသေးသည်။ တဖန်တိုးရိူက်၍ ဖိကပ်နမ်းမိတော့ အလိုက်သင့်ဖွင့်ဟပေးလာသော နူတ်ခမ်းဖူးဖူးလေးကြား နီရဲရဲ လျှာဖျားလေးကို ဆွဲထုတ်ကာ စွတ်ချူမိတော့ သာယာသံသဲ့သဲ့လေးက နားစည်အတွင်းမှ နှလုံးထဲသို့ တငြိမ့်ငြိမ့် စီးဆင်းရစ်ခွေနေပြန်သေးသည်။

နီရဲရဲ လျှာဖျားအရသာလေးကိုမလွတ်တမ်း နမ်းရိူက်ရင်း သူ့ခံတွင်းထဲ ခြေချမိတော့ ကိုယ်လည်ပင်းကို တိုးဖက်၍ အနမ်းရေယာဉ်ကြား ကိုယ့်နှင့်အတူ ဘယ်ညာယိမ်းရင်း ပွေ့ဖက်နမ်းရိူက်မိပြန်သည်။ လက်တစ်ဖက်က ကလေးငယ်ခေါင်းနောက်ကိုဖိကိုင်၍ ညာလက်က ကလေးငယ်ဝတ်လာသော T-shirt လေးထဲ ခါးထက်ကနေ တိုးဝင်ပွတ်သပ်မိတော့ တစ်ချက်တွန့်သွားတဲ့ကိုယ်ငယ်လေးကို ခွါမရအောင် ခပ်တင်းတင်းပွေ့မိသည်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now