အပိုင်း(၅)

16.8K 906 3
                                    

ကျွန်တော်တို့ ဌာနရဲ့ Canteen မှာ နေ့လည်စာ စားချိန် ဆိုင်ထဲသို့ ဝင်လာနေသော လူ ၃ယောက် ။ အရပ်မြင့်မားပြီး ဝတ်စားထားတာကအစ ပြီးပြည့်စုံတဲ့ယောကျာ်းလေးဆိုတာ ဒါပါ့လားလို့သိစေတဲ့အချက်တွေ ပိုင်ဆိုင်ထားသောလူသား။ ချောလိုက်တာ...ဘေးဝိုင်းက အစ်မကြီးတွေက..အော်ဟစ်ရင်း ကိုလူချောတွေကိုကြိုဆိုနေကြတယ်။  အဲလိုဖြစ်ချင်လိုက်တာ...။အရပ်ရှည်အောင်ကြိုးစားအုံးမယ်..အရပ်ရှည်ရင်ကို တမျိုးကြည့်ကောင်းနေတာရယ်။

" အယ် ..."
"အဲ့တာ မင်းအသိတွေလားဟင် ဝင်းထက်"
"မသိဘူး...သိလည်းမသိချင်ဘူး .."

ဘာကိုစိတ်တိုလို့ တိုရမှန်းမသိ ပါးစပ်ထဲရှိရာဖြေလိုက်မိတယ်။ တခြားသူကိုအားမကျစမ်းပါနဲ့ကွာ..မင်းတစ်ခြားသူကို အားကျနေတာ မကြိုက်လိုက်တာ ။ငါ့အချစ်ကိုမြင်အောင်ကြည့်စမ်းပါ့လား ....

"ငါနဲ့လည်းမသိဘဲ ....ငါကိုပြုံးပြသွားတယ် အလယ်ကအစ်ကိုကြီးက"

ဝင်းထက် လက်ကိုကိုဆွဲပြီး ပြောပြမိတယ်။ အလယ်ကအစ်ကိုကြီးက ငါကိုသိနေတာလား ။ ဘေးဝိုင်းက အစ်မတွေ ပြုံးပြတာလားလို့ မရဲတရဲ ကြည့်မိသည်။ သူများကိုပြုံးပြတာနေပေါ့။ ငါနဲ့မှမသိတာ..ခုမှမြင်ဖူးတာ ..ငါကိုပြုံးပြစရာလား...။

" ဟင် ဟုတ်လား"

အဲ့အစ်ကိုက ငကောင်း ကိုတကယ်ပဲ ကြည့်နေတာဗျ။ ဘာအဓိပ္ပါယ်လဲ ..ကျွန်တော်တို့ကိုသိနေတာလား? ကျွန်တော်တို့ အဝတ်အစားကြောင့်လား. ? အတွေးများစွာဖြင့် ကိုယ်ကိုကိုယ်ငုံ့ကြည့်မိရင်း ကောင်းကောင်းပုံစံကိုပါ စစ်ဆေးမိသေးတယ်။ ဘယ်နေရာကမှားနေသလဲ ? ကောင်းကောင်းအသိလည်းမဟုတ်လောက်ဘူး။ဘာလဲကွာ စိတ်ရူပ်စရာ....

"ကဲစားစရာရှိတာစား ...ငေးမနေနဲ့"
"အဲ့လူတွေက ဘယ်သူတွေဆိုတာ မင်းကလွဲ အကုန်သိတယ် ကောင်းကောင်း"

"အဲ့တာ ဘယ်သူတွေမို့လို့လဲဟင် ...မိုက်တယ်နော် ..ဟီးးစွဲဆောင်မူရှိလိုက်တာ"
"မပြီးသေးဘူးလား ကိုစပ်စုစိန်...မင်းငေးနေပုံက နယ်ကလူတွေမှန်းသိပ်သိသာတာပဲ တောသားရဲ့ ..ပြန်မယ်ထ ..ငါငွေရှင်းပြီးပြီ"

ချစ်ခြင်းတို့အလွန် Where stories live. Discover now