အပိုင်း(၅၀)

14.3K 728 27
                                    


ကျယ်ပြန့်လှသော ခြံဝန်းထဲရှိ ထယ်ဝါလှသော ခေတ်မှီသုံးထပ်တိုက်အသစ်ကို ဒေါက်တာဧကရီအမည်ဖြင့် HANTHAR GROUP လက်အောက်ခံ construction company တစ်ခုဆီမှ လက်လွဲယူခဲ့သည်ကားမကြာလှသေး။ ကောင်းပြည့်တို့သားအဖ ရန်ကုန်ဆင်းလာမည် ကိုသိသောကြောင့် သည်လှပထယ်ဝါလှသော တိုက်အသစ်ကို ပြီးပြည့်စုံစွာ မွမ်းမံခြယ်သပြီး HANTHAR အိမ်တော်၏ မနီးမဝေး ခြံဝန်းအတွင်း တည်ရှိစေခဲ့သည်။ ကောင်းစစ်ဟန်သာ ပျော်ရွှင်စွာဆော့ကစားနိုင်သည့် mini-park၊ ကလေးကစားကွင်းအပါအဝင် ၊ ခေတ်မှီနည်းပညာ များစွာ သုံး၍ ခြယ်သ ထားသည်။ အေးချမ်းစွာ နေလိုသော ကောင်းပြည့်လေးအတွက် အမျိုးအမည်များစွာကွဲပြားလှသော ပန်းပင်၊ အသီးအပင် အပါအဝင် ရှားပါးမျိုးစိတ် အလှပန်းပင်များကိုပင် နေရာသီးသန့်ဖြင့် စိုက်ပျိုးထားသည်။ သည်အိမ်တော်၏ ပိုင်ရှင်သားအဖ သည်ကား ခြေချဖို့ ရန်ကုန်မြေသို့ လာနေဆဲ၊ ပိုင်ရှင်အသစ်ဆက်ဆက်ဖြစ်သော ကောင်းစစ်ဟန်သာ အတွက် ထည်ဝါလှပသော သုံးထပ်တိုက်ကြီးက ခမ်းနားစွာ တည်ရှိနေဆဲ။

ကျယ်ပြန့်လှသော ဧည့်ခန်းအလှဆင် ပစ္စည်းများဖြင့် ပြည့်စုံစွာ တည်ရှိနေသည့် ဧည့်ခန်းနေရာမှာ နယ်မြို့လေးမှ တစ်ဦးတည်းသော ကောင်းစစ်၏ အဖိုး ကို တောင်းပန်ချင်သောစကား ၊ ပေးချင်သော ကတိစကားတို့အကြောင်း ပြောနေမိသည်။ ဒီနေ့ ကျွန်တော်တို့မိသားစု ဝင်တွေ စုံလင်မည့်နေ့မို့ ပို၍ ထူးခြားစွာ ပြုံးပျော်နေကြသလို ၊ ရာသီဥတုသည်ကား တိမ်တိုက်ကင်းစင်၍ သာယာလှသည်။

" ဦးလေး ဒီမှာ အဆင်ပြေရဲ့လား ၊ ကျွန်တော်တို့ ဘာလုပ်ပေးရမလဲဗျ"

" မလိုအပ်ပါဘူး မောင်မင်းမြတ်၊ ဦးလေး အဆင်ပြေပါတယ် ခုလို ဦးလေး ရဲ့ သားနှင့်မြေးငယ်ကို ရှာဖွေပေးတာနဲ့တင်ကျေးဇူးတင်နေပါပြီ၊ ခုလိုရန်ကုန်ခေါ်လာပြီး သားတို့နဲ့ အတူနေခွင့် ပေးတော့ ဦးလေးက ပ်ို အားနာမိတယ်"

" မလိုပါဘူး ဦးလေးရာ ကောင်းပြည့်လေးတို့သားအဖက ကျွန်တော့်ညီလေးနဲ့ တူလေးလေ ၊ ကျွန်တော်အမှားတွေကြောင့် အစပြုခဲ့ရတဲ့ မိသားစုနှစ်ခုရဲ့ နာကျင်စရာ ဇာတ်လမ်းဖြစ်ခဲ့ရတဲ့အတွက် ကျွန်တော်က ဦးလေးကို အချိန်တိုင်း တောင်းပန်ပါတယ်၊ ကျွန်တော်ကြောင့် ဖြစ်ခဲ့ရတဲ့ အဖြစ်ဆိုးတွေကြောင့် မိသားစုနှစ်ခု နာကျင်ခဲ့ပြီးပြီ၊ အခုလည်း နှစ်ဖက်မိသားစု အဆင်ပြေပြေဖြင့်ကျွန်တော်နှင့် ဒေါက်တာဧကရီတို့ မဂ်လာပွဲမှာ ဦးလေးက ကျွန်တော့်မိဘ တစ်ဦးလိုပါပဲ၊ ကျွန်တော်တို့မိသားစု တွေ အတိတ်ကနာကျင်မူ အဆုံးသတ်ပါပြီ၊ ကျွန်တော်တို့မိသားစုဝင်အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ လူကြီးတွေ ကို စိတ်ချမ်းသာအောင် ထားချင်တယ်၊ ဦးလေးနှင့်အန်ကယ်ကျော်သက်ကို ဒေါက်တာဧကရီမိဘမို့ ကျွန်တော့်မိဘ အရင်းနှင့်မခြား စောင့်ရှောက်ပါ့မယ်လို့ ကတိပေးပါတယ်"

ချစ်ခြင်းတို့အလွန် Where stories live. Discover now