အပိုင်း(၆၇)

11.5K 654 23
                                    


"ဗျာ...အပါး..."

(..............)

" သား...ခုချက်ချင်းပြန်လာခဲ့မယ် အပါး...."

ဟန်သာ၏ကိုယ်ပိုင် Jet ဖြင့် ကိုလင်းဦးဆောင်ကာ ကလေးငယ်တို့ နယ်မြို့လေးဆီ လာနေပြီဖြစ်ကြောင်း အပါးကပြောပြခဲ့သည်။ အမှားမှား အယွင်းယွင်း ဖြင့် တစ်ကိုယ်လုံး တုန်ရီလိူက်မောကာ ရှေ့ဘက်စူးစူးရှိအရာရာတိုင်းဟာ ဗလာအတိုင်း ဘာဆိုဘာမှ မမြင်ရဘဲ တုန်ရီနေသော ခန္ဓာကိုယ်က ချက်ချင်း အားတွေလျော့ကျကာ ခွေယိုင်လုလု ၊ အနားရှိ ပစ္စည်းအရာများ၏ အမျိုးအမည်ကို မသိမ မြင်တော့စွာ မှောင်မိုက်ကျသည့်အလား ၊ တစ်ချိန်က ထိခိုက်ဖူးသော ခြေထောက်က မျက်ခနဲနာကျင်စွာ ရိုးတွင်းချဉ်ဆီတွေ ယုတ်လျော့ကာ ခွေယိုင်နေသည့်ကျွန်တော်ကို လက်သေးသေးတစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဖေးမနေသူက မြတ်နိုးရသည့် အမျိုးသားငယ်။

ကြွေကျလုဆဲဆဲ မျက်ရည်တွေနှင့် အနားရှိကလေးငယ် လက်ကလေးကို တုန်ရီစွာဆုပ်ကိုင်ရင်း ကလေးငယ် ကို လိူက်မောတုန်ရီစွာ ကြည့်နေမိသည်။

" မား.....မားမား..အခြေအနေမကောင်းတော့ဘူး ...ကလေး...ကိုယ်...."

"ဗျာ....ခင်များ...စိတ်ထိမ်းပါအုံး..ကျွန်တော်တို့ ခု ပြန်ကြမယ်လေ ...."

" အင်း...."

ကလေးငယ်ရှေ့ ထိုင်ချကာ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ တုန်ရီစွာရိူက်ငိုနေမိသည်။ ကျွန်တော်ပုခုံးထက် ခပ်ဖွဖွ ပွတ်သပ်နေသော ကလေးငယ်ကို မော့မကြည့်အား ၊ ရှိသမျှအင်အားတွေအကုန်စုစည်းကာ ငိုချမိသည်ကား အဖေ၏ အလှူတော် ဧည့်ခံခန်းမအနီးအနား ။ များပြားစွာသော ဧည့်ပရိသတ်တွေလည်း မော့မကြည့်အား အရာရာဟာ အမှားမှား အယွင်းယွင်းပြိုပျက်စွာ၊ ပြာလဲ့နေသော ကောင်းကင်ပြာကို မျက်ရည်အိုင်တွေကြား မော့ကြည့်မိတော့ အဖြူရောင် ပိတ်ကားပြင်ကလွဲ ဗလာနတ္ထိ။ မာတာမိခင်ဟူသော ဂုဏ်ပုဒ်ဖြင့် ထိုက်တန်ခဲ့သော မားကို ဘယ်လိုမှ ဆုံရူံးမခံနိုင်။ ကိုယ့်အမှားကြောင့် ကလေးငယ်လည်း မိခင်ဆုံးရူံးခဲ့ရဖူးသူမို့ ဘယ်လောက်နာကျင်ရမလဲ သိမြင်နိုင်ခဲ့ပြီ။

ချစ်ခြင်းတို့အလွန် Where stories live. Discover now