အပိုင်း (၁၁)

11K 613 0
                                    

တီ - တီ

Hello
"အင်း ပြော "
(ရဲ့ရင် ငါတို့ဒီည စုံရအောင် တွေ့နေကြ ကိုရန် Bar ကို လာခဲ့ ...)
"Okay ဗျာ..နောက်မကျစေရဘူး"

(သက်ကိုကို့ ပြောပြီပြီည လူစုံဖို့ ..မင်းလာဖို့လိုအပ်လို့ )
"အင်း လာခဲ့မယ်"

(အေးဒါဆိုပြီးရော ဘားရောက်မှ ပြောပြစရာရှိတယ်)
"အင်း ..ဒါပဲ"

ဟိုကလေး exam ပြီးလို့ နယ်ပြန်သွားပြီ ...သူကိုသတိရပေးတဲ့ ။ ဟား...ကိုကို မင်းလေးကို သတိရလို့ ဒီည ကလပ်မှာ ကဲမယ်ဗျာ..။ အင်း ..နည်းနည်းတော့ လွမ်းသလိုရှိသား...ကိုကို ..ကိုကို...ကျွန်တော်ကလေ..ဆိုပြီး အသံခပ်ဝဲဝဲလေးနဲ့ပြောတက်တဲ့ကလေးကို။ အဲ့ကလေးမရှိတုန်း ကဲမယ်တွေးထားတယ် အလုပ်ကတစ်ဖက်ဖို့ အဲ့ဘက်ကို အချိန်မပေးနိုင်။ အပါးကတော့ ကျွန်တော် အလုပ်ကြိုးစားနေတော့ သဘောကျပြီး ရှယ်ရာရှင်တွေကြား ဂုဏ်မဆုံး။ သားအလုပ်ကိုတန်ဖိုးထားသလို မိသားစုကိုလည်း မြတ်နိုးတက်တယ်အပါး။

ညမီးပြပြ လူစည်းကားလှတဲ့ မြို့ထဲနေရာတစ်ခုက YOUR BAR အမည်ရ ဆိုင်းဘုတ်လေးအတွင်းမှာ လူကုန်တန် သား၊သမီးတွေ ည ဘက်အပမ်းဖြေရာ နေရာတစ်ခု ဆိုလည်းမမှား။ ထွက်ပေါ်လာသော စည်းချက်ညီညီ DJ music ကြား ကခုန် နေသောလူအများက ညအလှကို ကောင်းစွာခံစားနေကြသည်။ Bar ထဲဝင်လာလာချင်း ကခုန်နေသောသူတွေရဲ့အကြည့်၊ ဘားကောင်တာရှေ့က မိတ်ဆွေဖွဲ့ဆွဲဆောင်နေသော အကြည့်တွေ အားလုံးကိုလျစ်လျူပြီး ထက်ပိုင်တို့ကိုရှာဖွေမိတယ်။ လာနေကြ အသိမိတ်ဆွေ ကိုရန် Bar မို့ အစောင့်ကအစ waiter အဆုံး ၊ကျွန်တော်တို့အဖွဲ့ သောက်တာ ဘယ်လိုမျိုးအရသာဆိုတာ Bartender က လူတွေအကုန်သိကြတယ်။ ကျွန်တော်တို့အဖွဲ့ကို လာစကားပြောချင်တဲ့သူတွေ၊ ပြုစုပေးချင်တဲ့ ပျိုမဒီတွေ ၊ ကောင်ငယ်ငယ်လေးတွေကအစ အခွင့်ထူးခံ လူတန်းစားတွေနဲ့မွေးဖွားတဲ့ကိုယ်တွေ။ ကျွန်တော်တို့ လာရင် လူစည်လို့ ခဏ ခဏလာပေးဖို့ တောင်းဆို ခံရသည်အထိ ကျွန်တော်တို့၃ ယောက်က ဂုဏ်ဆာလို့ရတဲ့အဆင့်။

"ဟေ့ ရဲရင့်် ငါတို့ဒီမှာ.."
မီးရောင်မှိန်ပြပြ အတွင်းဘက် ထောင်းဝိုင်းလေးမှာ လက်ကိုမြောက်ပြလို့ ထက်ပိုင်ခေါ်တဲ့နေရာ သွားမိတယ်။ Bar ပိုင်ရှင်ကိုရန်က ကျွန်တော်တို့အဖွဲ့ နဲ့ အသိတွေ ဒီမှာပဲလာပြီးကဲကြတယ် ၊ ရန်ဖြစ်တယ် ၊ကကြတယ် ။ပြသနာတစ်ခုခု ဖြစ်ရင် ကိုရန်က တာဝန်ယူဖြေရှင်းပေးရတယ်။ အဲ့အထိ ညီအစ်ကိုတွေလို ကဲဖော်ကဲဖက်တွေလို အတူသောက်လာကြတာ။ ကိုရန်က ထလာပြီး နူတ်ဆက်တယ်...

ချစ်ခြင်းတို့အလွန် Where stories live. Discover now