အပိုင်း (၃၃)

15.1K 821 27
                                    

PLEASE DEAR 👉 (🙅‍♂️ဆဲဆိိုရိုင်းစိုင်းသော စကားလုံးကြမ်းများပါသောကြောင့် အသက်ပြည့်မှဖတ်စေချင်သည်🙅‍♂️)

" ဒါ ဘာတွေလဲ ...ကျုပ်ကို...ကျုပ်ကိုရှင်းပြစမ်းပါ အုံး ....ခင်များ..ရှင်းပါအုံး"

ခုရက်ပိုင်း ရာသီဥတုဖောက်ပြန်လို့နေမကောင်းဖြစ်ချင်နေတဲ့စိတ်ကိုအားတင်းရင်း တစ်ပတ်အတွင်း မြန်မာနိုင်ငံ ပြန်ဖို့အတွက် အလုပ်ကိုဖြတ်နေပြီ။ တိုင်းတပါးမှာ နှစ်ယောက်အတူ အားသန်ရာ ၊ ကိုက်ညီရာ အလုပ်ကို ရွေးပြီး ပုံမှန်မဟုတ်သော ကျွန်တော်တို့အိမ်ထောင်ရေးအတွက် ငွေရှာနေရပြီ။ နှစ်ဖက်မိဘက ပို့ပေးမည်ဟု ပြောသည်ကို ယောကျာ်းလေး မာန်ကြီးသော ကျွန်တော်အမျိုးသားလေးက လက်မခံခဲ့ပါ။ ကျွန်တော် အစ်ကိုကို လုပ်ကျွေးနိုင်တယ် မိဘတွေဆီက တစ်ကျပ်တစ်ပြားမှ မယူပါနဲ့လို့ ပြတ်သားစွာပြောခဲ့သည်။ သူလည်း ယောကျာ်းလေး
ကိုယ်လည်းမျိုးတူမို့ ဘယ်သူက ဘယ်သူကိုမှ အားမကိုးဘဲ နှစ်ယောက်သား မတူညီသော company နှစ်ခု မှာ ဌာနတစ်ခု၏ ခေါင်းဆောင်အဖြစ် အလုပ်လုပ်ခဲ့ကြသည်။

အဆင်ပြေနေပါသော ကျွန်တော်နှစ်ယောက်ကံကြမ္မာ ကျီစားပြီထင်တယ်၊ အရင်တစ်ရက်ဆီက ညနက်အချိန် ဝင်လာခဲ့သော ထက်ပိုင် ဖုန်းကြောင့် ကျွန်တော်ထိန့်လန့်တုန်လူပ်မိပြီ။ ကြောက်စရာအမှန်တရားတွေ ၊ ကောင်းပြည့်လေး နှင့် ငယ်သူငယ်ချင်းဖြစ်သူ ရဲရင့် တို့ကြားက ပြသနာ ၊ အစတည်ခဲ့ကြတာ ကျွန်တော်၊ ထက်ပိုင်တို့ပါသည်မဟုတ်ပါလား လို့တွေးပြီး သွေးပျက်နေမိသည်။ အမှန်တရားတို့ပေါ်ပေါက်လာပြီ၊ ယခု ကောင်းပြည့်လေးကိုရှာမရဘူး ၊ ရဲရင့် accident ဖြစ်လို့ ဆေးရုံရောက်နေတယ် ဆိုသည့် နောက်ဆက်တွဲသတင်းဆိုးတွေကြောင့် မွေးရပ်မြေကို အမြန်ပြန်ဖို့ စီစဉ်နေပြီ။ အလုပ်ကပြန်လာစဉ် တလျှောက်လုံး ကျွန်တော့်အမျိုးသားလေးကို ဘယ်လိုပြောရမလဲ တွေးမရ ၊ သူငယ်ချင်းသံယောဇဉ်ကြီးသော ကျွန်တော့်အမျိုးသားလေးသာ ဒီကြောက်စရာအမှန်တရားတွေ သိသွားရင်ဆိုတဲ့အတွေးက အသက်ရူမဝခဲ့။ မပြောမဖြစ်သော အကြောင်းအရာနှင့် အမှန်တရားကို လှည့်စားမိလို့ နာကျင်နောင်တတွေ ။

ချစ်ခြင်းတို့အလွန် Where stories live. Discover now