အပိုင်း (၆၄)

13.1K 812 64
                                    

ဖခင်နှစ်ဦးဖြင့် အတူ အိမ်ပြန်ရမည်ဆိုတာ သိရသည့်သားငယ် မျက်ဝန်းဝိုင်းတို့က ရယ်မြူးရိပ်တွေ သန်းလာခဲ့သည်၊ ပျော်မဆုံး ဖြစ်နိုင်သော ဟိုလူက ကားသော့ကို ခမန်ကတန်း ထယူကာ သားငယ်ကို ပွေ့ချီရင်း အပါးတို့ကို နူတ်ဆက်နေသည်။

အိမ်တော်ထိန်းတော်ကြီး အဆင်သင့်ထုတ်ပေးထားသော Audi အနက်ရောင်လေးက စင်ဝင်အောက်မှာ ခန့်ညားစွာ ရှိနေသည်။

" ကိုယ်တို့ ကန်ဘောင်ခဏ သွားအောင်ကလေးငယ် ..sunset view သွားကြည့်ရအောင် "

" မသွားချင်ဘူး ၊ အိမ်ပြန်မယ် "

" no ..no..သွားမယ် ဒယ်ဒီရယ် ၊ ပါးပါးရယ် ၊ သားသားရယ် တစ်ခါမှ အတူတူမသွားရသေးဘူးလေ ပါးပါး၊ ခု အတူသွားလို့ရပြီလေ နော် ...လို့...."

" သားသား..."

သားငယ်ကို driver seat ပေါ် တင်ပေးကာ တံခါးကိုဖွင့်ပေးရင်းပြောမိသည်။ နောက်ခန်းကို ထိုင်ဖို့ ရည်ရွယ်နေမှန်းသိသောကြောင့် အလျှင်အမြန် ဖွင့်ပေးမိသည်။ ငြင်းဆန်မယ့်အမူအရာ မပြခင် သားငယ်စကား ကြောင့် ဝင်ထိုင်ရသည့်ကလေးငယ်ရယ်လေ ။

" သားသားနဲ့ အတူတူထိုင်ရအောင်နော် ပါးပါး ...လာပါလို့ "

" သားသား ...ထိုင်လေ ..ပါးပါး နောက်မှာ..."

" ဟင်းအင်း ...ပါးပါးပေါ် ထိုင်ချင်တာ နော် ..လို့ ..ပါး "

သားငယ် ချွဲသံတွေကြား ကျွန်တော်ကိုမော့ကြည့်၍တစ်ခွန်းမှမပြောဘဲ ဝင်ထိုင်လာသော ကလေးငယ်ကို သားသားက အနမ်းပေးနေတာများ ဒီအဖေအတွက် ကျန်ပါ့အုံးမလား လို့ မေးချင်သေးသည်၊ ဒယ်ဒီကို အားကျအောင်လုပ်တဲ့ သားကို နောက်မှ အပစ်ပေးမယ်။

လုပ်ထားအုံးပေါ့ သားငယ်ရာ။

လက်ညိုးသေးသေးလေးဖြင့် ထိုးပြီး ဖခင်နှစ်ဦး နဲ့အတူ အပြင်သွားလိုစိတ်ပြင်းပြနေသော သားငယ် ဆန္ဒ ကို ပိတ်ပင်ဖို့ခက်ပြီ။ သားငယ်ကိုချော့ပြောချင်ပါသော်လည်း စွဲဆောင်မူများစွာဖြင့် မြူစွယ်ခံနေရသော သားငယ်က မကြားဖူးသေးသော အစားအစာ အသစ်များအကြောင်းကို မျက်ဝန်းဝိုင်းလေး က အံ့ဩမူထင်ပေါ်လျှက် ခံယူနေပြန်သည်။ သိပ်ပျော်နေဟန်ပုံပေါ်သည့်သားငယ်ဆီက ချစ်စဖွယ် ရယ်သံတချို့ကိုပါ သားဒယ်ဒီနဲ့လိုက်ဖက်ညီစွာ စကားတုန့်ပြန်ပြောနေသော ရင်ခွင်ထဲမှ သားငယ်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now