" ဟိတ်ကောင်ရဲရင့်"
"အဲ့ဒါ ...ဟို အစ်မမိုးပြည့်ရဲ့ မောင်လား...""အေး..ဟုတ်တယ် ကောင်းပြည့်ဝေလျှံတဲ့ အလကားကောင် ငွေမက်တဲ့မောင်နှမ ကိုကြီးကိုအရူးလုပ်ခဲ့တဲ့သူရဲ့မောင်လေ။ ကိုကြီးနဲ့မားမား တို့ကြား ပြသနာဖြစ်စေတဲ့တရားခံကသူ့အစ်မလေ။ ကိုကြီးအိမ်က ထွက်ပြီးအပြင်မှာနေတော့ မားမားအရမ်းငိုခဲ့တယ်။ အဲ့အမျိုးသမီးကိုမုန်းလိုက်တာ..နာကျင်မူဆိုတာ ဘယ်အရာလဲလို့ငါ့ပြမှာ ..."
မကျေနပ်ချက်တွေပြောရင်း ကလေးနောက်ကျောလေးကြည့်မိတယ်။တကယ့် ကလေးလေးဗျ အရပ်က ၅'၅ ပတ်ချာလည် ၊ အသားအရည်က ယောအစပ်ဆိုတော့ ဝင်းဝင်းကြည်ကြည်လေး ဖြူတာမဟုတ်ညိုတာမဟုတ် ဝင်းနေတာ ၊ ယောသံခပ်တဲ့ အသံဝဲဝဲလေး ။ထူးခြားတာက မဲနက်နေသောမျက်တောင်ရှည်တွေနဲ့ ဝိုင်းစက်နေတဲ့မျက်ဝန်း၊ အထိတ်တလန့်ဖြစ်ရင် ဝိုင်းစက်သွားတာ က တကယ့် လပြည့်ညမှာ သာတဲ့ လမင်း အလား။ နူတ်ခမ်းဖူးဖူး နီနီလေး ၊ ဆေးဆိုးအရောင်မပါတဲ့ ဆံပင်လေးက နဖူးပေါ်မှာ ဝဲလို့ ။ တကယ့် ကလေးပေါက်စ ...အဝတ်အစားက ယောလုံခြုံအနက်၊ စတစ်လက်ရှည်အဝါနုလေးနဲ့ တကယ် လူကြီးပေါက်စ ..ဟားးကြည့်လေ ကြည့်လေ မျက်တောင်မခပ်ချင်လောက်လှတာမျိုး ...
"ဟာ...ဟိတ်ကောင်ရဲရင့် ကြည့်လှကြည့်လား ..ဘာလဲကြွေသွားတာလား ...မဟုတ်မှလွဲ မင်းအစီအစဉ်ပျက်ကုန်ပြီလား..."
သိလိုစောနဲ့ ပြောမိတယ် ဘယ်နှယ့်ဗျာ ...ပြောတော့ ကျားဖမ်းမယ်ဆင်ဖမ်းမယ်နဲ့ တကယ့်တကယ်တွေ့တော့ ခေါ်တဲ့နာမ်စားကိုက "ကလေး " တဲ့ ။ဟိုက် ...ဒါလား မကျေနပ်လို့ ကလှည့်စားချင်မူကြီးက နောက်ပြီး.. ဘာတဲ့ သူကိုသူ့ "ကိုကို "တဲ့...ကြားကြရဲ့လား အမျိုးတို့။ ကျွန်တော် ပြောမိ၊
မေးမိတာ မှားရော့လား ။ အလကား ပစ်ကြွေနေတာသူမျက်လုံးတွေကြည့်သိနေတာကို...အကျင့်ဆိုးအတိုင်း ငြင်းပါလိမ့်မယ် ။"ရဲရင့် အစီအစဉ် ပျက်မယ်ဆိုလည်း ပျက်သင့်တယ်ဟ ..တကယ့်အလှလေး .ငါတောင်နောက်တစ်ခေါက်တွေ့ ရင် ချစ်မိမှာဗျ...ဟားးး"
တကယ် ချစ်ပစ်ချင်စရာလေး ...လှတဲ့အရုပ်လေးမြင်ရင် သူသူကိုယ်ကိုယ် လိုချင်ကြတာဆန်းလား။
YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...