အပိုင်း(၃)

21.3K 1.2K 2
                                    

တီ-တီ
"သမီးရေ ..ဧကရီ ခြံရှေ့သွားကြည့်ပါအုံးကွယ် ..ဘယ်သူလာလဲမသိ.."

"ဟုတ် ဖေဖေ..သမီးသွားကြည့်လိုက်မယ်"

"တီလေး"
"မမ .."

သားအဖနှစ်ယောက် ကားပေါ်ကဆင်းဆင်းချင်း ပြိုင်တူခေါ်မိ၏။ မမ ခဗျာ အံ့ဩဝမ်းသာလျှက် သားသားကို လက်နှစ်ဖက်ဆန့်တန်းခြင်းဖြင့် ရင်ခွင်ဖွင့်ကြိုနေလေရဲ့၊ မမဧကရီက လူကြီးဆန်တယ် ရင့်ကျက်တယ် ၊ ပြီးတော့ နွေးထွေးတယ် မမမိုးပြည့်လို့ပဲ ။မမဧကရီက ကျွန်တော်တို့သားအဖကို ကာကွယ်ပေးနေသေးတာ မိန်းမသားတန်မယ့် အားမာန်အပြည့် ၊ သူ့ကယ်တင်ထားသော ကျွန်တော်တို့သားအဖအပေါ် နွေးထွေးမူ အပြည့် မေတ္တာဖြင့်ဆက်ဆံခံ့သည်။

"အယ်...ဖိုးသားလေး...မောင်လေး ...လူဆိုးကောင်လေးတွေ မမဆီ ခုမှလာကြတယ် ဟင်...မမဖြင့်မင်းတို့သားအဖ လွမ်းလို့လိုက်လာတော့မလို့ရှင့်"

အပြုံးမပြတ် အပြစ်တင်ပြောဆိုရင်း သားသားလည်းကျစ်နေအောင်ဖက်ထားခဲ့ပြန်သည်။ ကျွန်တော်ကိုအပစ်တင်နေသောမမ မျက်ဝန်းတွေက ပျှော်ရွှင်နေတာ သိသာတယ်။ မမမှာ စေ့စပ်ထားသူ ရှိမှန်း သိရတယ် ၊ကျွန်တော်ရှိစဉ်ကတော့ အဲ့အစ်ကိုရန်ကုန်ပြန်လာတုန်း ခဏသွားတွေ့ဖူးတာကလွဲ ကျွန်တော်မမကို ဘာအကြောင်းအရာမှ မမေးဖူးဘူး။ မျိုးရိုးမြင့်တဲ့အသိုင်းအဝိုင်းကဆိုတာတော့ ဆရာပြောပြဖူးတယ်။ တစ်ချိန်ကြ မမတို့ မဂ်လာဆောင် ပြီးရင် အမျိုးသားနောက် အပြီးလိုက်သွားရမယ်ဆိုတာ သားသားကလွဲအကုန်သိထားတယ်...ကံကောင်းခြင်းတွေ မမပိုင်ဆိုင်ပါစေ။ စေတနာအားကြီးသောမမ၊စိတ်ထား မြင့်မြတ်သော အမျိုးသမီးမို့ ကံကောင်းခြင်းတွေက မမဆီ မလွဲမရှောင်ဆိုက်ရောက်ကြလိမ့်မည်။

"ဟင်းအင်း...ပါးပါးက လူဆိုးဟုတ်ဘူး တီတီ...ပါးပါးကို မပြောပါနဲ့"

"အယ်မလေး သူ့ အဖေကို ပြောလို့တဲ့ တော် ဒယ်ဒီကျော်သက်ရေ ...ဒီမှာသမီးကို အနိုင်ကျင့်နေတယ် ဖိုးသားလေးတို့သားအဖက "

မမက အဲလိုပဲ ဆရာဝန်သာပြောရတယ် ရိုးရင်းပွင့်လင်းစွာဆက်ဆံတက်သည်။ တစ်ဦးတည်းသောသမီးပီပီ အသက်ကြီးပေမယ့် ကျွန်တော်တို့အပေါ်ဆိုသားသားနဲ့ပြိုင်ကောက်ချင်သေးတာ။သူ့တူကပိုကောက်တော့၊ သူပဲအလျော့ပေး ချော့လိုက် •နမ်းလိုက် နဲ့တစ်နေကုန်အလုပ်မလုပ်နိုင်။ Taxi သမားဦးလေးကို ကျသင့်ငွေပေးရင်းအိမ်ထဲဝင်လာခဲ့တယ်....အိမ်ပြေးလေးကျွန်တော် ဒုယိယမိသားစုဖြစ်သောဆရာအိမ် ကျွန်တော်တို့သားအဖ သောင်တင်ရတော့မယ်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now