အပိုင်း (၄)

19.7K 1K 1
                                    


သားက စူးစမ်းလေ့လာနေတဲ့အရွယ်၊ အတုယူ သင့်ယူနေတဲ့အရွယ်ဆိုတာ ကျွန်တော်မေ့ထားမိတယ်။ သားခံစားချက် ၊ သားအတွေးကို ကျွန်တော် ထည့်တွေးပေးရမယ်။လူကြီးတွေပြသနာ သားသားကို ကြားခံ အဖြစ်မခံနိုင်ဘူး ။ သားစိတ်ထဲ ဒဏ်ရာရမှာမလိုလားဘူး။ သားသားက ပျော်ရွှင်စွာပြုမူတက်ပေမယ့် တခါတလေကြ သူ့စိတ်ထဲ မေးချင်တာ ၊သိချင်တာရှိနေတက်ပုံပဲ ကျွန်တော်ကိုတော့ထုတ်မမေးဖူးဘူး။အများနဲ့မတူပဲ ဒီအဖေကမွေးခဲ့တယ်ဆိုတာ သားကို ပြောပြထားဖူးတယ်။ သူလက်ခံတယ် အမေလို ပါးပါးလို ချစ်ပေးရှာတယ်။

" ဒယ်ဒီ"ဆိုတဲ့ဟောဝေါဟာရ အကြောင်းကိုတောင် ပြည့်ပြည့်စုံစုံ မမေးခဲ့ဖူးဘူး။ ဒယ်ဒီ က ဘယ်မလဲ ၊ ဘာလို့အတူမနေလဲ လို့အလိုက်သိစွာ မမေးခဲ့ဘူး။ သားသိချင်သေးတဲ့အရာ၊ မမေးရဲတဲ့ စကားစု တွေ အကြောင်း ကျွန်တော် ရှေ့က စကားဦးခေါ်လို့ ဖော်ထုတ်မယ်။

ရှေ့နှစ်မူကြိုတက်ချိန် အများကလေးတွေကြား ပုံမှန်မဟုတ်တဲ့မိဘကမွေးဖွားလာခဲ့လို့ မျက်နှာငယ်မှာ မလိုလားဘူး ။ သားသိလိုသမျှဖြေပေးမယ် သားစိတ်ထိခိုက်စေမယ့်စကားကလွဲလို့ပေါ့။ ပါးပါးရယ် သားရယ်သာရှိတဲ့ ဒီမိသားစုမှာ နွေးထွေးပါ့လား၊ ပျော်ရွှင်ရပါ့လား ဆိုတဲ့အသိ ခံစားပျော်ရွှင်စေရပါ့ မယ်။ ဒီသားအတွက် ဒီအဖေ ဖြစ်အောင် ဖန်တီးပေးမှာမို့ သားသားက ပျှော်နေပေးပါသားရယ် ။

" သားသားမှာ ဒယ်ဒီရှိတာပေါ့...သားသားဒယ်ဒီက ဟိုအဝေးကြီးမှာနေနေတာလေ အဲ့ဒါ ..အဲ့ဒါကြောင့်ပါ သားသားရဲ့"

" ဒါဆို ပါးပါး ..ဒယ်ဒီလို့ခေါ်ခွင့်ရမှာပေါ့ ပြန်လာရင် ဟင်ပါးပါး..သားသားကိုရော ချစ်ပါ့မလား? "

ခေါင်းငြိမ့်လို့ဖြေခဲ့မိတယ် ။ ၄နှစ်ကျော်အရွယ် ကလေးအသိသေးသေးလေးနှင့် မဝံ့မရဲလေး မေးနေရှာတဲ့သားသား ပါးပါး ရင်နာလိုက်တာ။ ဒီလောက်ချစ်စရာကောင်းတဲ့ကလေး၊ သိပ်ပါးနပ်တဲ့ကလေး၊ စကားသိပ်တက်တဲ့ပါးပါးသားကို ဘယ်သူက မချစ်ပဲနေမလဲကွာ။ ရင်ထဲမချိဘူးသားရယ် ။မိသားစု စုံစုံလင်လင် ရသ မခံစားရသေးတဲ့သားအတွက် ပါးပါးတောင်းပန်ပါတယ် သားရယ်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now