သားက စူးစမ်းလေ့လာနေတဲ့အရွယ်၊ အတုယူ သင့်ယူနေတဲ့အရွယ်ဆိုတာ ကျွန်တော်မေ့ထားမိတယ်။ သားခံစားချက် ၊ သားအတွေးကို ကျွန်တော် ထည့်တွေးပေးရမယ်။လူကြီးတွေပြသနာ သားသားကို ကြားခံ အဖြစ်မခံနိုင်ဘူး ။ သားစိတ်ထဲ ဒဏ်ရာရမှာမလိုလားဘူး။ သားသားက ပျော်ရွှင်စွာပြုမူတက်ပေမယ့် တခါတလေကြ သူ့စိတ်ထဲ မေးချင်တာ ၊သိချင်တာရှိနေတက်ပုံပဲ ကျွန်တော်ကိုတော့ထုတ်မမေးဖူးဘူး။အများနဲ့မတူပဲ ဒီအဖေကမွေးခဲ့တယ်ဆိုတာ သားကို ပြောပြထားဖူးတယ်။ သူလက်ခံတယ် အမေလို ပါးပါးလို ချစ်ပေးရှာတယ်။" ဒယ်ဒီ"ဆိုတဲ့ဟောဝေါဟာရ အကြောင်းကိုတောင် ပြည့်ပြည့်စုံစုံ မမေးခဲ့ဖူးဘူး။ ဒယ်ဒီ က ဘယ်မလဲ ၊ ဘာလို့အတူမနေလဲ လို့အလိုက်သိစွာ မမေးခဲ့ဘူး။ သားသိချင်သေးတဲ့အရာ၊ မမေးရဲတဲ့ စကားစု တွေ အကြောင်း ကျွန်တော် ရှေ့က စကားဦးခေါ်လို့ ဖော်ထုတ်မယ်။
ရှေ့နှစ်မူကြိုတက်ချိန် အများကလေးတွေကြား ပုံမှန်မဟုတ်တဲ့မိဘကမွေးဖွားလာခဲ့လို့ မျက်နှာငယ်မှာ မလိုလားဘူး ။ သားသိလိုသမျှဖြေပေးမယ် သားစိတ်ထိခိုက်စေမယ့်စကားကလွဲလို့ပေါ့။ ပါးပါးရယ် သားရယ်သာရှိတဲ့ ဒီမိသားစုမှာ နွေးထွေးပါ့လား၊ ပျော်ရွှင်ရပါ့လား ဆိုတဲ့အသိ ခံစားပျော်ရွှင်စေရပါ့ မယ်။ ဒီသားအတွက် ဒီအဖေ ဖြစ်အောင် ဖန်တီးပေးမှာမို့ သားသားက ပျှော်နေပေးပါသားရယ် ။
" သားသားမှာ ဒယ်ဒီရှိတာပေါ့...သားသားဒယ်ဒီက ဟိုအဝေးကြီးမှာနေနေတာလေ အဲ့ဒါ ..အဲ့ဒါကြောင့်ပါ သားသားရဲ့"
" ဒါဆို ပါးပါး ..ဒယ်ဒီလို့ခေါ်ခွင့်ရမှာပေါ့ ပြန်လာရင် ဟင်ပါးပါး..သားသားကိုရော ချစ်ပါ့မလား? "
ခေါင်းငြိမ့်လို့ဖြေခဲ့မိတယ် ။ ၄နှစ်ကျော်အရွယ် ကလေးအသိသေးသေးလေးနှင့် မဝံ့မရဲလေး မေးနေရှာတဲ့သားသား ပါးပါး ရင်နာလိုက်တာ။ ဒီလောက်ချစ်စရာကောင်းတဲ့ကလေး၊ သိပ်ပါးနပ်တဲ့ကလေး၊ စကားသိပ်တက်တဲ့ပါးပါးသားကို ဘယ်သူက မချစ်ပဲနေမလဲကွာ။ ရင်ထဲမချိဘူးသားရယ် ။မိသားစု စုံစုံလင်လင် ရသ မခံစားရသေးတဲ့သားအတွက် ပါးပါးတောင်းပန်ပါတယ် သားရယ်။

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...