ကျွန်တော်တို့ ဌာနရဲ့ Canteen မှာ နေ့လည်စာ စားချိန် ဆိုင်ထဲသို့ ဝင်လာနေသော လူ ၃ယောက် ။ အရပ်မြင့်မားပြီး ဝတ်စားထားတာကအစ ပြီးပြည့်စုံတဲ့ယောကျာ်းလေးဆိုတာ ဒါပါ့လားလို့သိစေတဲ့အချက်တွေ ပိုင်ဆိုင်ထားသောလူသား။ ချောလိုက်တာ...ဘေးဝိုင်းက အစ်မကြီးတွေက..အော်ဟစ်ရင်း ကိုလူချောတွေကိုကြိုဆိုနေကြတယ်။ အဲလိုဖြစ်ချင်လိုက်တာ...။အရပ်ရှည်အောင်ကြိုးစားအုံးမယ်..အရပ်ရှည်ရင်ကို တမျိုးကြည့်ကောင်းနေတာရယ်။
" အယ် ..."
"အဲ့တာ မင်းအသိတွေလားဟင် ဝင်းထက်"
"မသိဘူး...သိလည်းမသိချင်ဘူး .."ဘာကိုစိတ်တိုလို့ တိုရမှန်းမသိ ပါးစပ်ထဲရှိရာဖြေလိုက်မိတယ်။ တခြားသူကိုအားမကျစမ်းပါနဲ့ကွာ..မင်းတစ်ခြားသူကို အားကျနေတာ မကြိုက်လိုက်တာ ။ငါ့အချစ်ကိုမြင်အောင်ကြည့်စမ်းပါ့လား ....
"ငါနဲ့လည်းမသိဘဲ ....ငါကိုပြုံးပြသွားတယ် အလယ်ကအစ်ကိုကြီးက"
ဝင်းထက် လက်ကိုကိုဆွဲပြီး ပြောပြမိတယ်။ အလယ်ကအစ်ကိုကြီးက ငါကိုသိနေတာလား ။ ဘေးဝိုင်းက အစ်မတွေ ပြုံးပြတာလားလို့ မရဲတရဲ ကြည့်မိသည်။ သူများကိုပြုံးပြတာနေပေါ့။ ငါနဲ့မှမသိတာ..ခုမှမြင်ဖူးတာ ..ငါကိုပြုံးပြစရာလား...။
" ဟင် ဟုတ်လား"
အဲ့အစ်ကိုက ငကောင်း ကိုတကယ်ပဲ ကြည့်နေတာဗျ။ ဘာအဓိပ္ပါယ်လဲ ..ကျွန်တော်တို့ကိုသိနေတာလား? ကျွန်တော်တို့ အဝတ်အစားကြောင့်လား. ? အတွေးများစွာဖြင့် ကိုယ်ကိုကိုယ်ငုံ့ကြည့်မိရင်း ကောင်းကောင်းပုံစံကိုပါ စစ်ဆေးမိသေးတယ်။ ဘယ်နေရာကမှားနေသလဲ ? ကောင်းကောင်းအသိလည်းမဟုတ်လောက်ဘူး။ဘာလဲကွာ စိတ်ရူပ်စရာ....
"ကဲစားစရာရှိတာစား ...ငေးမနေနဲ့"
"အဲ့လူတွေက ဘယ်သူတွေဆိုတာ မင်းကလွဲ အကုန်သိတယ် ကောင်းကောင်း""အဲ့တာ ဘယ်သူတွေမို့လို့လဲဟင် ...မိုက်တယ်နော် ..ဟီးးစွဲဆောင်မူရှိလိုက်တာ"
"မပြီးသေးဘူးလား ကိုစပ်စုစိန်...မင်းငေးနေပုံက နယ်ကလူတွေမှန်းသိပ်သိသာတာပဲ တောသားရဲ့ ..ပြန်မယ်ထ ..ငါငွေရှင်းပြီးပြီ"

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...