Chapter - 18

3.8K 375 144
                                    

Unicode
~~~~~~~~

ဇွဲရဲ့ ရုံးသစ်ဖွင့်ပွဲမှာ ရွေးချယ်ခန့်အပ်ပြီးဖြစ်တဲ့ ဝန်ထမ်းအသစ်တွေနဲ့ လက်တွဲလုပ်ကိုင်မည့် လုပ်ငန်းရှင်တစ်ချို့ကိုဖိတ်ခေါ်ကာ ဧည့်ခံကြွေးမွေးပြီး မိတ်ဆက်ရမှာဖြစ်သည် ။ ဇွဲတို့မိသားစုလုပ်ငန်းဟာ အရင်ကတည်းက နာမည်ရှိပြီးသားအဖွဲ့အစည်းဖြစ်သလို မြန်မာပြည်မှာ အခြေချပြီး ဇွဲကဦးဆောင်ကာ စီးပွားရေးပြုလုပ်မှာမို့ စီးပွားရေးနယ်ပယ်က လူတစ်ချို့နဲ့တွေ့ဆုံပြီး ရင်းနီးမှုရယူရန်ရည်ရွယ်သည် ။

ဇွဲရဲ့ရုံးသစ်တက်ပွဲက ရိုးရိုးရှင်းရှင်းပဲဟုတွေးထားပေမဲ့ လက်တွေ့မှာလူတွေစည်ကားနေပြီး သတင်းသမားတစ်ချို့ပါ ရောက်ရှိနေကြ၍ မုဒြာရောက်ရောက်ခြင်း စိတ်အတော်ကျည်းကြပ်နေသည် ။ ၅ နှစ်လောက်အိမ်တွင်းပုန်းလာခဲ့ပြီး ပထမဆုံးအပြင်ထွက်ရသည့်နေ့မှာပဲ ကင်မရာတဖြတ်ဖြတ်နဲ့ လူတွေရဲ့အကြည့်စူးစူးတွေအောက်မှာ ရပ်နေရသည် ။

သူ့ရဲ့ဘေးမှာ တောင့်တောင့်ကြီးရပ်နေတဲ့ မုဒြာကိုမြင်တော့ ဇွဲကတိုးတိုးလေးမေးလိုက်သည် ။

" မုဒြာ ... အဆင်ပြေရဲ့လား "

" ဒီလိုလူတွေအများကြီးလာမယ်လို့ ဘာကြောင့်ကြိုမပြောတာလဲ "

" ဒါက ကို့အဖေစီစဉ်ထားတာ ... ကိုယ်လဲမေ့သွားတယ် သူကပွဲတွေလုပ်ရတာကြိုက်တယ်လေ ... ဒါကြောင့်ဒီပွဲကိုသူကိုယ်တိုင်စီစဉ်ထားတာ ... ကိုယ်ဒီလောက်ပွဲကြီးကြီးလုပ်ပေးထားမယ်လို့မထင်လိုက်ဘူး "

" ခုရောက်နေမှတော့ ဒီတိုင်းပဲနေရတော့မှာပေါ့ "

" အင်း ...... ဒါဆိုအကို့ဘေးမှာပဲနေနော် မကြောက်နဲ့ ... အသိမိတ်ဆွေတွေနဲ့မိတ်ဆက်ပြီးရင် မုဒြာကိုပြန်နားခိုင်းမယ် "

မုဒြာလဲ ဇွဲရဲ့နောက်မှာပဲနေကာ သူ့ရဲ့မိတ်ဆွေတွေနဲ့ မိတ်ဆက်စကားပြောနေတာကို စောင့်နေပေးသည် ။ သူကအတွင်းရေးမှူးတစ်ယောက်မို့ တာဝန်ကသူဌေးအနားမှာ ရှိနေပေးယုံသာ ။ စကားဝိုင်းမှာ ဝင်ပါစရာမလိုပေ ။ သို့ပေမဲ့ လူတစ်ချို့ရဲ့အကြည့်တွေက သူ့ထံကျရောက်လာကာ ဝင်မပါချင်ရင်တောင်မှ ဝင်ပါရတော့မည် ။ အကြောင်းက သူ့အားကြည့်ကာ မေးလာခြင်းကြောင့်ပင် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now