Chapter - 19

21.6K 1K 141
                                    

ထိုညပြီးနောက် ကုမုဒြာဟာ ဧကရာဇ်မောင်အား သိသိသာသာရှောင်ဖယ်နေခဲ့ပြန်သည် ။ ဧကရာဇ်မောင်လဲ အရက်မူးလာတိုင်း ထိန်းချုပ်မရတဲ့စိတ်ခံစားချက်ကြောင့် သူ့အမှားသူသိနေ၍ မုဒြာကိုအတင်းအကြပ်မလုပ်ဆောင်တော့ပေ ။ သို့ပေမဲ့ မုဒြာထုတ်လိုက်တဲ့စည်းကမ်းချက်ကြောင့် ဧကရာဇ်မောင် ဒေါသထွက်ရပြန်သည် ။

" မောင် မုဒြာအခန်းထဲကို မုဒြာခွင့်ပြုချက်မပါပဲ ဝင်လာခွင့်မရှိဘူး … ပြီးတော့ မုဒြာကိုယ်ကိုလဲ ထိခွင့်မရှိဘူး … ဝေးဝေးနေပါ "

မုဒြာရဲ့အေးဆက်ဆက်အမိန့်က ဧကရာဇ်ရင်ကို နာကျင်သွားစေသည် ။ ထိုစကားကို ဧကရာဇ်မောင်လဲ မုဒြာကိုဟိုးအရင်က ပြောဖူးခဲ့သည် ။ ဒါပေမဲ့အဖိုးရှိနေ၍ သူ့ရဲ့စကားကအရာမဝင်ခဲ့သလို မုဒြာကသူ့အခန်းထဲကိုအမြဲဝင်လာပြီး သူ့ကိုလဲဂရုစိုက်ပေးသည် ။ ခုဒီစည်းကမ်းကို မုဒြာကိုယ်တိုင်က ထုတ်ပြန်လာတော့ သူကဘာများတတ်နိုင်ဦးမှာလဲ ။ ပြီးတော့အိမ်တော်မှာအဖိုးလဲမရှိသလို မုဒြာကလဲအရင်ကနဲ့မတူတော့၍ ဧကရာဇ်မောင် လွန်ဆန်၍မရဖြစ်နေသည် ။

ထိုညက မုဒြာလက်မခံချင်တာကို အတင်းအကြပ်ရယူဖို့ကြိုးစားမိလို့ သူလဲပဲခေါင်းထုခံခဲ့ရပြီးပြီ ။ ဒါကြောင့်ထိုကိစ္စကျေအေးသွားပြီထင်ထားပေမဲ့ မုဒြာကသူ့အနားကပ်ခွင့်မပြောနဲ့ သူ့အခန်းထဲကို ခြေချခွင့်ပင်မပြုတော့ပေ ။ ဒါပေမဲ့ ဇွဲကိုတော့ ဝင်ခွင့်ပြုထားသည် ။

နေ့တစ်နေ့ရဲ့မနက်ခင်းမှာ မုဒြာနဲ့ဇွဲ အလုပ်သွားဖို့ မုဒြာအခန်းထဲကနေထွက်လာစဉ် အပြင်မှာရပ်စောင့်နေတဲ့ ဧကရာဇ်မောင်ကို တွေ့လိုက်ရသည် ။

" ဒီမှာ ဘာရပ်လုပ်နေတာလဲ … အလုပ်သွားဖို့မပြင်ဘူးလား "

မုဒြာက အေးဆက်ဆက်ဖြင့်သာ မေးလာတော့ ဧကရာဇ်မောင်က မုဒြာအနားတိုးကပ်လိုက်ပြီး မုဒြာအင်္ကျီတွေကိုလှန်ကာ ခန္ဓာကိုယ်ကို စစ်ဆေးတော့ ဗိုက်ကိုသတိထားမိသွားမှာဆိုး၍ မုဒြာ ဧကရာဇ်မောင်ကို တွန်းထုတ်လိုက်သည် ။

" မထိနဲ့လို့ပြောထားတာ မကြားဘူးလား "

မုဒြာက ဓာတ်လိုက်ခံရသလိုလန့်သွား၍ ဇွဲလဲ မုဒြာအရှေ့ကနေကာလိုက်ပြီး ဧကရာဇ်မောင်ကို သတိပေးတဲ့အကြည့်နဲ့ကြည့်ကာ …

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now