Chapter - 20

4.2K 386 67
                                    

Unicode
~~~~~~~~

မုဒြာ မောင်နဲ့ဆက်နွယ်မှုပြုပြီးနောက် ယံယံဆီမသွားချင်၍ တစ်ခြားဆေးခန်းတစ်ခုထံသွားပြီး ကိုယ်ဝန်အခြေအနေစမ်းသပ်ကြည့်လိုက်သည် ။

ပုံမှန်အိုမီဂါတွေက ၅ လ ၆ လလောက်နှင့်မွေးဖွားနိုင်၍ မုဒြာရဲ့ ကိုယ်ဝန်က ၃ လရှိပြီမို့ ဗိုက်က ပူထွက်နေသင့်ပြီ ။ သို့ပေမဲ့ ပုံမှန်ထက် အနည်းငယ်သာထွက်နေသေး၍ ဆရာဝန်က Ultrasound ရိုက်ကြည့်ဖို့အကြံပြုလာတော့ ရိုက်ကြည့်လိုက်တဲ့အခါ ကလေးလေးက အနည်းငယ်ကြီးလာလေပြီ ။ သို့ပေမဲ့ ဘာလေးလဲဆိုတာတော့ မသဲကွဲသေးပေ ။ ပုံမှန်အိုမီဂါတွေရဲ့ကလေးကြီးထွားနှုန်းထက် နှေးနေသေးသည် ။

အယ်ဖာရဲ့ဟော်မုန်းကို အမြဲရယူကာ ကလေးကိုကြီးထွှားလာအောင် ဂရုစိုက်ပေးဖို့ ဆရာဝန်ကအကြံပြုလိုက်သည် ။ မုဒြာလဲ ဆရာဝန်ရဲ့အကြံပေးမှုတွေကို ကျေးဇူးတင်ကြောင်းပြောပြီး မှတ်တမ်းတွေကိုယူကာ အိမ်သို့ပြန်လာခဲ့သည် ။

" ကုမုဒြာ "

အိမ်တော်ထဲဝင်လာစဉ် ကသစ်ပန်းက မုဒြာရဲ့အရှေ့ကနေပိတ်ရပ်လိုက်တော့ မုဒြာလက်ထဲကဖိုင်ကို အနောက်ကိုအမြန်ဖွက်လိုက်သည် ။ ခုတော့သူမက အရင်လို ဟန်ဆောင်ပန်ဆောင်နဲ့ သခင်လေးဟုပင်မခေါ်တော့ပဲ မောက်မာရိုင်းဆိုင်းလာသည် ။

" မင်းဘာပြောချင်လို့လဲ "

" ရှင်မောင့်ကို ဘာကြောင့်လက်မလွှတ်သေးတာလဲ ... သူကရှင့်အပေါ်ဟန်ဆောင်ပြီးကောင်းပေးနေတယ်ဆိုတာ ရှင်မသိဘူးလား "

" အဲ့ဒါမင်းနဲ့ဘာဆိုင်လို့လဲ ... ပြီးတော့ ဒါကငါ့အိမ် ... မင်းကိုမောင့်မျက်နှာကြောင့် ဘာမှမပြောပဲထားထားတာ "

" ဒါပေမဲ့ မကြာခင် မောင်နဲ့ကသစ်က အတူနေကြတော့မှာ ... ခုရှင်နဲ့အတူနေနေတာက မောင်ကရှင့်ကိုကစားဖို့သပ်သပ်တွေးထားလို့ပဲ ... ရှင်မောင့်ကို ကစားခဲ့သလိုပေါ့ "

သူမနဲ့အတူနေမယ်ဆိုတာ ဘာကိုပြောတာလဲ ? မောင်ကငါ့တစ်ယောက်ထည်းအတွက်ပဲ ...

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now