မားကို ကျွန်တော်တို့မိသားစုပိုင် HANTHAR GROUP လက်အောက်ခံ ဆေးရုံတစ်ခုမှာ စစ်ဆေးခဲ့သည်။ ။ စိတ်ထိခိုက်မူ နဲနဲကြုံတွေ့ရလို့ ဖြစ်တယ်ဆိုတာရယ်၊ စိုးရိမ်စရာမရှိကြောင်း မိသားစုကို နာမည်ရ Professor တွေက ဖြေကြားခဲ့သည်။ မား ပြန်လည်ကောင်းမွန်ဖို့ လိုတာပါ။
ကိုကြီးက ပိုတည်ငြိမ်လာတယ်စကားနည်းသွားတယ် ပိုပြီး။ အိမ်ထိန်းတော်ကြီးမေးတော့လည်း သိပ်ဖြေချင်ပုံမရဘူး။ ကျွန်တော်ဘာသာ တခုခုကိုသိရရင် အကုန်လုံး မလွယ်ဘူးမှတ်ထားကြ။
မားအိမ်တော်ပြန်ရောက်ပြီး မကြာမှီ ကိုကြီးက အလုပ်ကိစ္စနဲ့ ပြင်ပကိုနှစ်အနည်းငယ်သွားပါရစေတဲ့။ အပါးက သဘောတူပေမယ် မားက ဘာမှတော့ဝင်မပြော ၊ မျက်နှာပျက်တာတော့ ကျွန်တော်သတိထားမိတယ်။ စိတ်ချပါကိုကြီး မားကိုဘယ်အရာကထိခိုက်စေသလဲ ငါရှာဖွေပြီး ဖြေရှင်းမှာပါ။ကိုကြီးထွက်သွားတဲ့နောက်ပိုင်း အိမ်တော်မှာ တိတ်ဆိတ်ဆဲ၊ မားကအရင်လို မလန်းဆန်း တခုခုကို နောင်တရနေသလိုမျိုး။
" သားငယ် ခဏ လာအုံး ပါးတို့စကားပြောရအောင်"
" သားအလုပ် အဆင်ပြေလား ၊ သား Condo ပြောင်းဖို့ ပါးဘာကူညီပေးရအုံးမလဲ""ဟုတ်ကဲ့အပါး လိုအပ်မူမရှိပါဘူး၊ သား ကိုလင်းကို ခေါ်သွားမယ်နော် သားရဲ့ secretary အဖစ် ပေါ့"
"သားသဘောလေ..ကိုလင်းက စေ့စပ်သေချာတော့ အပါးစိတ်ပူရနည်းတာပေါ့၊ တစ်ခုဆို ပါးကိုသူငယ်ချင်းတစ်ယောက်လို၊ အစ်ကိုလို၊ အဖေ လိုတိုင်ပင်ရင်ဖွင့်နိုင်တယ်ဆိုတာ မမေ့နဲ့သား""ဟုတ်ကဲ့ပါ အပါး..သား အလုပ်ကို သေချာလုပ်ပါ့မယ်..အပါးယုံကြည့်ရတဲ့သူဖြစ်အောင်လည်းကြိုးစားပါ့မယ် ပါး .ကိုစိတ်မပျက်စေရဘူးလို့တော့ အာမခံနိုင်ပါတယ် ဒါပေမယ်.."
"ဟား...အပါး ကလေးတွေက ဆယ်ကျော်သက်မှမဟုတ်တာ လူငယ်ကိစ္စ ပါး ဝင်မပါပါဘူးကွာ၊ သားမားကိုလည်း စိတ်ချနော်"
" သား တစ်ပတ် တခါ ပြန်လာပါ့မယ့် ကတိပေးပါတယ်အပါး"မားမားက အံ့ဩထိတ်လန့်မှာသိတယ်..ကိုကြီးက အဝေးမှာ..ကျွန်တော်ကပါ အိမ်တော်ကထွက်ရင်..မားမားခံစားနေရမှာကိုသိတယ်။ သားလုပ်စရာရှိလို့ပါ မားမားနှင့်ကိုကြီးကို ပြန်အဆင်ပြေအောင်လုပ်ပေးနိုင်မယ် ထင်လို့ပါ။ မားမားကိုတောင်းပန်ပါတယ်..အပြင်မှာနေရမှ ဖြစ်မှာမို့ပါ။ ရည်ရွယ်ချက်တွေ အောင်မြင် ရင် မားမားစိတ်တိုင်းကျ ဖြစ်စေရမယ်..

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...