အပိုင်း(၉)

11K 633 0
                                    

မနက်ဖန် ပိတ်ရက်မို့ အပြင်လိုက်ပို့မယ်လို့ စကားစမိတော့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ယုန်ဝါပေါက်လေးက ပြုံးပျှော်နေတာ မြင်မကောင်း။ အယုံလွယ်တဲ့သူ မို့ လှည့်စားရတာ သိပ်ပျော်ဖို့ကောင်းတာ။ အစ ခင်တုန်းက ဝင်းထက်က မကြိုက်ဘူး ၊မခင်ရဘူးတဲ့ ..ဘာလဲ သူငယ်ချင်းကိုအရာရာ မှီတွယ်နေတာ ။ တဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေး မင်းတို့သူငယ်ချင်းသံယောဇဉ်ကြိုး ဘယ်လောက်တင်းခံမလဲ ငါစောင့်ကြည့်မယ်။ ရဲရင့်ဟန်သာ တို့ ဖြစ်ချင်ပြီဆိုရင် ဘယ်အရာမှတားမရဘူး ကောင်လေးတို့။

တစ်ဖက်ကလည်း အပါးယုံကြည်အောင် အလုပ်ကြိုးစားတယ် ခုဆိုရင် HANTHAR GROUP မှာ ကိုယ်နေရာကို ဝေဖန်ဖို့နေနေသာသာ မော့ကြည့်ရဲ့လား မေးကြည့်။ တစ်ဖက်ကလဲ ဟိုကောင်လေးအနားဘာဖြစ်တယ်ဆိုတာ အလုံးစုံသိရဖို့ ကိုလင်း ကိုတာဝန်ပေးပြီး အကွက်ကျကျ စီစဉ်နေတယ်။ ပင်ပမ်းလာတိုင်း မင်းတို့မိသားစု နာကျင်တာ မြင်ချင်ပြီလို့ တမ်းတနေမိတယ်။ ယုန်ဖမ်းချင်ပေမယ့် တောထဲ မဝင်ချင်ဘူး ၊ ယုန်လေး တောထဲက ထွက်လာချင်အောင် လုပ်နေတာ။ တဖြေးဖြေးပေါ့ ထောင်ချောက်ဆင်မဖမ်းဘူး၊ ပိုက်ကွန်ရှိရာ လာတိုးစေဖို့ အကွက်ကျကျ စီစဉ်တက်ဖို့လိုတယ် ...ကလေးက သိပ်အယုံလွယ်တာလေ။

အယုံလွယ်တာ မင်းအပိုင်း၊ ငါအပိုင်းက မင်းအစ်မ နာကျင်တာ ၊ မင်းမိသားစုနာကျင်တာမြင်ဖို့ပဲကောင်လေး။ မားမား ခုလို အပြုံးအရယ်နည်းရတဲ့ တရားခံ မမိုးပြည့်က မင်းအစ်မ ဖြစ်နေတာ ငါလည်းမတက်နိုင်ဘူး။ ငါ ဖန်တီးတဲ့ဇာတ်မှာ မင်းသားလဲ ငါ ၊ ဗီလိန်လည်းငါ ၊ ကယ်တင်ရှင်လည်းငါ ...မင်းအလုံးစုံ မှီခိုစေဖို့ အရေးကြီးတယ် ကောင်လေး။ ငါကို အလုံးစုံမှီခိုပြီ ဆိုမှ ကပြမယ် ရယ်စရာ၊ ငိုစရာ အဖုံဖုံအကြောင်း ခံစားစေရမယ်။

ကိုလင်း တင်ပြချက်အရ မင်းသူငယ်ချင်းက သက်ကို မျက်စိကျနေတယ်တဲ့ ၊ ငါအတွက် ကံကောင်းမူပါ့လား။ သက်ကိုလည်း ကောင်လေးရ ၊ ငါလည်း အောင်မြင် ဘယ်လောက်ကောင်းတဲ့ အောင်မြင်မူလဲ။

Hello
-Hello
"ကလေး ကိုကို အလုပ်လေးပေါ်လာလို့ ထက်ပိုင်လာကြိုလိမ့်မယ် ..လိုက်ခဲ့နော်"
"ဗျာ...ရတယ်ဗျ...ကျွန်တော်တို့ ကိုယ်ဘာသာသွားလိုက်မယ် "

ချစ်ခြင်းတို့အလွန် Where stories live. Discover now