4

5.7K 302 19
                                    

မင်းကိုသာအပိုင်သိမ်းရမယ်ဆိုရင်ငါတကယ်ကြီးမင်းအတွက်ရှိနေပေးဖို့အဆင်သင့်ပဲ

သျှားဒီနေ့ရောဆိုသူနဲ့မတွေ့ရတာ1ပတ်ပင်ကျော်ပြီ။တစ်ခါတိုင်းပေးနေကြစာများလည်းသူ့စီမပေးဖြစ်တာလည်းကြာပြီ။

မျက်နှာခြင်းဆိုင်ဖြစ်နေကြသော်လည်းလှည့်မကြည့်ကြတဲ့သူတို့အဖို့ဘဝကအရမ်းကိုဝေးကွာလွန်းသည်။
တမင်ရှောင်နေတယ်ဟုပြောရအောင်ကလည်းသျှားရောသူရောနှစ်ယောက်လုံးကိုယ့်အတန်းနဲ့ကိုယ်မို့မအားလပ်။

ပိုဆိုးသည်ကနောက်လာလတနင်္လာနေ့မှာကျင်းပမဲ့ကျောင်းရဲ့ရေပန်းအစားဆုံးပြိုင်ပွဲကြောင့်ဌာနတိုင်းအလုပ်ရှုပ်နေကြသည်။ရက်ကလည်း15လောက်သာရှိတော့သည်။

သျှားတို့ဌာနဆိုလျှင်တော်တော်ကြီးထိုပြိုင်ပွဲအတွက်လုံးပန်းနေရသည်။ပုံမှန်ဆိုလျှင်သျှားခေါင်းဆောင်တစ်ယောက်အနေနဲ့လုပ်ပိုင်ခွင့်အပြည့်ရသောလည်းသူ့တို့ထက်မြင့်သောစီနီယာအကိုများကဒီနှစ်မှာဌာနနိုင်ရေးအတွက်သူတို့ကိုယ်တိုင်ဦးဆောင်ပြီးပြုလုပ်မှာမို့အကြပ်ရိုက်နေသည်။ကိုယ့်စာသင်နှစ်နဲ့ကိုယ်ဆိုရင်တော့အဆင်ပြေနိုင်ပေမဲ့ရှိသမျှအင်ဂျင်နီယာဌာနရှိလူကုန်ဆိုတော့ကိုယ်ထက်ငယ်သေးတာဆိုလို့ပထမနှစ်လေးတွေသာရှိသည်။

ကျန်တာဆိုလျှင်သူတို့ထက်ပိုမြင့်တဲ့စီနီယာအတန်းကြီးတွေသာရှိသည်။သျှားရဲ့ပြသနာကသူများခိုင်းတဲ့အတိုင်းမလုပ်ချင်တာပင်။

"သားရီးအဆင်ပြေလား"
"မင်းဘကြီးကိုပြေ"
"အခြေအနေတိုးတက်လာပြီပဲ"
ဟားဟားဟား

ပုံမှန်ဆိုတည်တည်ငြိမ်ငြိမ်သာပြောတတ်သောဟိန်းခန့်ပင်လျှင်သျှားဝင်ပြိုင်ရမည့်နေရာကြောင့်တက်တက်ကြွကြွဖြင့်ပင်ရှေ့ဆုံးကထောက်ခံကာအခါသင့်လျှင်သူစချင်သလိုစသေးသည်။

|ငလူးပဲ|

"မင်းကွာဒီလောက်လေးလုပ်ရမှာလေးကို"
"ဒီလောက်ပိစိလေးလားဌာနတစ်ခုလုံးရဲ့ကိုယ်စားပြုလုပ်ရမှာကိုလေ"

သျှားလက်ညိုးလေးနှင့်လက်မကိုပိစိလေးဖြစ်တဲ့အထိဝိုင်းပြကာရွဲ့တဲ့တဲ့ဖြင့်ပြန်ဖြေလိုက်သည်။ဟုတ်ပါတယ်သူပြောသလိုကိုယ်လုပ်ရမဲ့ကိစ္စကသေးသေးလေး။

My Boyfriend Is Royal King (Completed) Where stories live. Discover now