9

4.4K 279 10
                                    

ပဿနာတက်အောင်ငါမလုပ်ဘူးမောင်

"ဒီသေးသေးရှည်ရှည်ပိတ်စလေးတွေဘယ်မှာနေရာသုံးဖို့လဲ"

သျှားအရောင်စုံပိတ်စလေးအားဟိုကိုင်သည်ကိုင်ဖြင့်ထိုးဖွရင်းဘေးနားမှတစ်ယောက်အားလှမ်းမေးလိုက်သည်။ချုပ်ပြီးတစ်ခုခုလုပ်မယ်ဆိုရအောင်ကလည်းပိတ်စလေးတွေက3ကိုက်4ကိုက်မဟုတ်။

အနံ4လက်မလောက်သာရှိပြီးအလျား10ပေလောက်ရှိမဲ့ဖဲကြိုးပုံစုံပိတ်စ။
သျှားတို့လိုယောက်ျားလေးတွေကိုပိတ်စတွေပေးပြီးကျောင်းကဘာလုပ်ခိုင်းမို့လည်း။

ဆက်ချုပ်ခိုင်းဖို့လား။ဝေးသေးသျှားလက်မှုပညာနဲ့ပတ်သတ်ရင်ကိုယ်ယူထားတဲ့မေဂျာကဆောက်လုပ်နည်းပြုပြင်နည်းလောက်ပဲရသည်။အဲတာတောင်နည်းနည်းလေးတတ်သေးသည်။တစ်ခြားသျှားလက်မှုထူးချွန်တာဆိုလို့မီးဖိုခန်းဝင်ပြီးချက်တတ်ပြုတ်တတ်တာလေးတင်။

"အခမ်းနားမှာပြင်ဖို့"
"ဘာရယ်!!"

သျားကိုင်လက်စပိတ်စအဝါရောင်လေးအားကြည့်ပြီးလန့်ဖြတ်အော်လိုက်မိသည်။တော်သေးအောက်မပြုတ်ကျလို့မဟုတ်ရှင်အရှက်တွေသာကွဲမည်။

"ကျောင်းကတမင်လုပ်တာပြိုင်ပွဲဝင်မဲ့သူတွေစိတ်ကြိုက်အခမ်းအနားလေးဖြစ်စေဖို့"
"ဒါဆိုငါတို့က"
"တစ်ခိျု့တစ်ဝက်ကိုဒီတိုင်းပွဲမှာသုံးဖို့ထားရပြီးတစ်ဝက်ကိုဖဲပြားလေးတွေလုပ်ရမှာ"

သျှားသိလိုက်ပါပြီ။ပွဲဝင်မပြိုင်ခင်အချက်အလက်တွေဖတ်တုန်းကလိုက်နာရန်စည်းကမ်းချက်မှာဖတ်ထားဖူးသည်။တစ်ခိျု့ထုတ်ပြန်ထားတဲ့အချက်တွေမှာကိုယ်ကမဲကျတဲ့တွဲဖက်တစ်ယောက်နဲ့ကျောင်းကခိုင်းတဲ့ကိစ္စတွေပူးပေါင်းဆောင်ရွက်ရမယ်ဟူ၍။

ဒါဆိုသျှားကသူနဲ့တွဲဖက်ကျသည်တဲ့လား။
သျှားအံ့သြတကြီးစိုက်ကြည့်မိတော့အဓိပ္ပာယ်ဖော်မရသောမျက်ဝန်းလှလှလေးတွေနဲ့စိုက်ကြည့်လာသည်။အယောင်ယောင်အမှားမှားပိတ်စကိုအားကိုးတစ်ကြီးဆုတ်ကိုင်မိလိုက်သေးသည်။ရယ်တော့ရယ်ရသား။

"ဟေ့ ကိုယ်စိတ်မရှည်တတ်ဘူး"

သျှားခေါင်းပြန်ငြိမ့်ပြလိုက်သည်လားခေါင်းခါပြလိုက်သည်လားသေချာတာတော့တစ်ခုခုလုပ်လိုက်မိသည်။

My Boyfriend Is Royal King (Completed) Where stories live. Discover now