8

4.6K 259 14
                                    

မင်းရှိတာပဲ

စံပယ်ရနံ့ဟုထင်ရသောလေအဝေ့ကိုယ်အားကျီစယ်နေသည့်ရနံ့ပိုင်ရှင်အားဒေါင်းသတိမကပ်မိပါပဲလှည့်ကြည့်လိုက်မိသည်။

ရေဆိုနေသောဆံပင်လေးအားအနည်းငယ်သာသုတ်ထားဟန်ရှိပြီးလက်တိုShirtအကီ် ၤအဖြူရောင်လေးအားရှေ့ကြယ်သီးနှစ်လုံးလောက်ဖြုတ်ကာဖြစ်သလိုဝတ်ထားသည်။အိမ်နေရင်းဝတ်ဟန်တူသောဒူးခေါင်းလောက်သာရှည်သည့် short trousersကိုဝတ်ကာသွယ်လျနေသောခြေတံရှည်ရှည်အားမြင်ရသူကဆွဲဆောင်မူအပြည့်ရှိစွာဝတ်ဆင်ထားသည်။

လက်ကလည်းရေမခြောက်သေးသောဆံပင်ကိုသုတ်ရန်အတွက်ခပ်နွမ်းနွမ်းသဘက်တစ်ထည်ကိုကိုင်ထားပြီးသူ့နားဖြည်းဖြည်းခြင်းလျောက်လာသည်။သူ့ပုံစံကကျောင်းမှမြင်နေရတဲ့အခြေအနေနဲ့လုံးဝကွဲထွက်နေသည်။တစ်ခုခုဖြစ်နေတာလား။

"မြင်တဲ့အတိုင်းပဲနဲနဲလောက်ပုံစံကွဲထွက်သွားတာကလွဲရင်ပုံမှန်ပါပဲ"
"ခင်ဗျားနေ့တိုင်းဒီလိုနေတာလား"
"မသိတော့ဘူးအမြဲဖြစ်သွားချင်လည်းဖြစ်သွားနိုင်တယ်"

ဒေါင်းမသိစိတ်ကအလိုမကျမှုဖြစ်သွားသည်။ဘာကိုအမြဲဖြစ်ချင်ဖြစ်သွားနိုင်တာလည်းစကားပြောပုံတွေကတစ်ဆက်မှအခိျုးပြေမနေ။

"sorryနော်ငါလည်းခုံတစ်ခုပဲရှိလို့"

ဒေါင်းအားsorryပြောကာကတ်ထူပုံးတင်ထားသောကြွေစားပွဲတင်ပေါ်အားထိုလူတက်ထိုင်လိုက်သည်။ဒီလောက်ခုံလေးတစ်လုံးနှစ်လုံးရှိဖို့ဆယ်သက်လောက်ရုန်းကန်နေရလိုလား။မြန်မာနိုင်ငံမှာTop 1ခိျတ်တဲ့ဖိနပ်ကုမ္ပဏီ၊တစ်နိုင်ငံလုံးအဆင့်Top 5ခိျတ်တဲ့အိမ်တော်ကဒီလောက်မွဲတေနေရအောင်ကလည်းလုံးဝမဖြစ်နိုင်။ဧကန်တလူတွေမသိသေးသောဒီအိမ်မှာအိမ်တွင်းအရှုပ်အရှင်းတစ်ခုခုတော့ရှိရမည်။

"လာရင်းကိစ္စကိုသာပြောပါငါ့အိမ်အကြောင်းမင်းတွေးကြည့်နေရင်ဘာတစ်ခုမှထွက်လာမှမဟုတ်ဘူး"
"ခင်ဗျားအိမ်အကြောင်းတွေးနေရလောက်သည်အထိအခိျန်တွေအားမနေဘူး"

သျှားဆံပင်ကိုသုတ်နေလက်စလက်ကရပ်တန့်သွားကာထိုစကားပြောလိုက်သူအားလှည့်ကြည့်လိုက်သည်။တကယ်ပဲဘာကိုမှဂရုမစိုက်ဟန်မရှိ။ညှို့အားပြင်းသောမျက်ဝန်းတွေနဲ့သာတည့်တည့်ကြီးဆုံသွားပြီးထုံစံအတိုင်းကျောက်ရုပ်ဖြစ်သွားရပြန်သည်။သူမသိသေးသည့်မောင့်မှာအနီးကပ်အထပ်စည်းကကြည့်မှမြင်နိုင်သည့်ခရမ်းနုရောင်မျက်ဝန်းလှလှလေးတွေရှိမှန်းသိလိုက်ရသည်။

My Boyfriend Is Royal King (Completed) Where stories live. Discover now